Stupid Love (Part 1)

1.5K 36 3
                                    

မီးရောင်စုံထိန်လင်းနေပြီး ကြီးကျယ်ခမ်းနားလှတဲ့ လက်ထပ်ပွဲကြီးတစ်ခု...! ။
ချမ်းသာကြွယ်ဝတဲ့ ဂုဏ်သရေရှိ အမျိုးသားတွေ ၊ အမျိုးသမီးတွေသာ တတ်ရောက်နိုင်တဲ့ နေရာ..! ။
အလယ်ခေါင်က မဏ္ဏပ်တွင်လည်း တန်ခိုးအာဏာကြီးမားတဲ့ ပုပ်ရဟန်းမင်းတစ်ပါးရပ်‌ေနတယ် ။တွေး‌ကြည့်ရုံနဲ့တင် ဘယ်လောက်တောင် ကြီးကျယ်လိုက်မလဲ ။ သို့သော် ဒီလက်ထပ်ပွဲတွင် ဒွိဟဖြစ်နေတာလေးတစ်ခုတော့ရှိနေပါသေးတယ် ။ အဲ့တာက သတိုးသားနဲ့ သတို့သမီးတို့ရဲ့ လက်ထပ်ပွဲမဟုတ်ပဲ သတိုးသားနှစ်ယောက်ရဲ့လက်ထပ်ပွဲကြီးတစ်ခုသာဖြစ်နေပါတယ် ။ လူတော်တော်များများကလည်း ဒါတွေကို တီးတိုးပြောဆိုနေကြဆဲပါပဲ ။

ရုတ်တရက်ဆိုသလို တီးမှုတ်သံတွေတစ်ချက်ထွက်လာခဲ့တယ် ။ ခမ်းမကြီးထဲကို အသက်အလယ်လတ်ပိုင်းကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့တယ် ။ လူတော်တော်များများကလည်း သူ့ကိုငေးမောကာကြည့်နေတယ် ။ အထူးသဖြင့် သူ့ရဲ့သန့်ပြန့်လှတဲ့ ရုပ်ရှည်ကြောင့်ပေါ့ ။ ကျော့စင်းလှတဲ့ကိုယ်ဟန်ပန် အနေအထား ၊ တစ်ဖျတ်ဖျတ်ခတ်နေတဲ့ အနက်ရောင်မျက်တောင်မွေးလေးတွေ ၊ သူ့ရဲ့ အနက်ရောင်မျက်လုံးလေးတွေဟာလည်း ဝင်းလက်တောက်ပနေတယ် ၊ သူ့ရဲ့ဖြောင့်တန်းနေတဲ့ နှာတံရိုးပေါ်က ကြိုးမျက်မှန်အဝိုင်းလေးနဲ့ မဖုံးကွယ်ထားနိုင်တဲ့ နတ်သက်ကြွေ အပြုံးလေးတွေနဲ့အတူ အမျိုးသမီးတွေရဲ့နှလုံးသားကို ဖမ်းဆုပ်ထားနိုင်ခဲ့တယ် ။ အမျိုးသားတွေကတော့ သူ့ကို မနာလိုဘူးပေါ့ကွယ် ။

"မောင်မိုးစက်ဝသန်!! မင်းရောက်လာပြီပဲ!!"

လူကြားထဲက အဘိုးအိုတစ်ယောက်က သူ့ကိုလှမ်းဖိတ်ခေါ်လိုက်တယ် ။ အဖိုးကြီးဆိုပေမဲ့ မခေပါဘူးနော် ။ မီလီယံပေါင်းများစွာပိုင်ဆိုင်တဲ့ သူဌေးကြီးတစ်ယောက်သာဖြစ်တယ် ။ သူကဒီပွဲကိုအဓိက ဦးဆောင်လုပ်ပေးတဲ့သူလေ ။ မိုးစက်ဝသန် အဘိုးကိုတွေ့တော့ ခါးညွှတ်ပြီး နှုတ်ဆက်လိုက်တယ် ။

"မင်္ဂလာပါ အဘိုး တွေ့ရတာဝမ်းသာပါတယ်"

"အေးအေး အဘိုးလည်းမင်းအတွက်အရမ်းဝမ်းသာပါတယ် ။ ဒါနဲ့ အဘိုးမြေး....မင်းရဲ့သတို့သားလောင်းရော...?"

Stupid Love ( Ongoing )Where stories live. Discover now