Stupid Love (Part 2)

1K 20 0
                                    

ခန့်နားထည်ဝါးလှတဲ့ စံအိမ်တော်ကြီးတစ်ခုထဲသို့ အရှိန်ပြင်းပြင်းနဲ့ ကမူးကရှူးဝင်ချလာတဲ့
အဖြူရောင်ကားတစ်စီး ။ ကားဟာ အိမ်ရှေ့တည့်တည့်ကိုထိုးရပ်လိုက်တယ် ။ ခနအကြာ ကားခန်းထဲကနေ လူတစ်ယောက်ထွက်လာတယ် ။ သူ့ရဲ့ အကျီလည်တိုင်ကိုချွတ်လိုက်ပြီး သပ်သပ်ရပ်ရပ်ဖီးလိမ်းထားတဲ့ ဆံပင်ကိုတစ်စစီဖွလိုက်တယ် ။ အိမ်ထဲကနေ အသက်ကြီးပုံပေါ်တဲ့ လူတစ်ယောက်က သူ့ကိုထွက်ကြိုတယ်။

"သခင်‌ ပြန်လာပါပြီလား!?"

"အင်း!"

မိုးစက် စိတ်မကြည်တဲ့မျက်နှာထားနဲ့ အိမ်ထဲဝင်သွားတယ် ။ သူ့ရဲ့နောက်ကနေလည်း AE GS တို့ပါ လိုက်သွားတယ် ။ အိမ်တော်ထိန်းကြီးလည်း သူ့သခင်တစ်ခုခုဖြစ်လာမှန်းသိလိုက်တယ် ။ သခင် စိတ်မကြည်တဲ့နေ့ဆိုရင် မုန်တိုင်းမတိုက်ခင် လေပြေအရင်ရောက်လာသလိုပဲ ။ ပြီး‌တော့ သူ့တပည့်နှစ်ယောက်ပါ အိမ်ပါလာတာဆိုတော့ ပြဿနာကြီးကြီးတစ်ခုဖြစ်လာတဲ့ပုံပဲ ။ ဒီနေ့ သို့ မနက်ဖြန်
စံအိမ်တော်မှာ တစ်ယောက်မဟုတ် တစ်ယောက်တော့ သေမယ်ထင်ပါတယ် ။ သန့်ရှင်းရေးသမားကို ကြိုတင်ခေါ်ထားမှပဲ ။

"ဘောစ့်! ကြွက်တွေသောင်းကျန်းနေတာ တစ်ခုခုတော့ လုပ်သင့်နေပြီနော်!!"

"သူတို့ကို တစ်စစီခုတ်သတ်လိုက်ရမလား ဘောစ့်!

"နေဦး....မလောနဲ့..။ မင်းတို့အချိန်ကိုလည်းကြည့်ဦး! ညသန်းခေါင် ၁၂ နာရီထိုးနေပြီ ။ ကြွက်တွေ
ဒီချိန် အိပ်နေလောက်ရောပေါ့! သူတို့ကိုနောက်ဆုံးအိပ်ချိန်လေးပေးလိုက်ပါဦးကွာ ။ မနက်ဖြန်မှ အကုန်လုံးအမြစ်ဖြုတ်ကြတာပေါ့ အဲ့တာပိုမကောင်းဘူးလား!?"

မိုးစက် နောက်ကိုလှည့်ပြီး ကြောက်စရာကောင်းတဲ့ အပြုံးကြီးနဲ့ သူတို့နှစ်ယောက်ကိုကြည့်လိုက်တယ် ။ နှစ်ယောက်လုံး ကြက်သီးတွေ တစ်ဖြန်းဖြန်းထကုန်ပါရောလား ။ နှစ်ယောက်လုံး ခြေလှမ်းတွေရပ်တန့်ပြီး သူ့‌အနောက်မှာ ကျန်ရစ်နေခဲ့တယ် ။

"အာ! မဟုတ်သေးဘူး! ။ အဲ့ကြွက်တွေ ငါ့ကို အမြစ်ဖြုတ်ဖို့ အခုကတည်းက ကြံစည်နေကြမှာလည်း ဖြစ်နိုင်တယ် ။ ငါ....မနက်ဖြန်...မဟုတ်‌သေးဘူး....အခုပဲ...အဲ့ကြွက်တွေကို လှောင်ချိုင့်ထဲမှာ အဆင့်သင့်ဖြစ်နေတာမြင်ချင်တယ် ။ မင်းတို့သဘောပေါက်တယ်မလား? ။"

Stupid Love ( Ongoing )Where stories live. Discover now