အိပ်ရာပေါ်ကနေ ဖြည်းဖြည်းချင်းထလာတဲ့ ဦးရာဇာ ။ ညက အမူးလွန်သွားတဲ့ ဒဏ်ကြောင့်ရော ၊ ဆေးခပ်ခံထားရတာတွေရော ရောပြီး ဦးရာဇာမှာခံရခက်နေတယ် ။
"အားလား မူးလိုက်တာကွာ"
ဦးရာဇာတစ်ယောက် ခေါင်းကိုကိုင်ရင်း ဘေးပတ်လည်ကို လှည့်ပတ်ကြည့်နေတယ် ။
သူ့အိပ်ခန်းနဲ့မတူညီတဲ့ လိုက်ကာတွေ ပစ္စည်းတွေ ပြီးတော့ စာအုပ်တွေ ။ သူချက်ချင်းသိလိုက်တယ် ဒါသူ့အခန်းမဟုတ်ဘူးဆိုတာကိုပေါ့ ။ သူ ညကကိစ္စတွေကိုလည်း ပြန်စဉ်းစားကြည့်မိတယ် ။ သူ့ကိုကောင်မလေးတစ်ယောက်က ဆေးခပ်လိုက်တာထိတော့ သူမှတ်မိပေမဲ့ နောက်ပိုင်းဘာဆက်ဖြစ်သွားလဲတော့ သူ့ကိုယ်သူမသိဘူးဖြစ်နေတယ် ။ဒေါက် ဒေါက်
"ဦးရာဇာ ခဗျားနိုးပြီလား"
မိုးစက် အခန်းတံခါးကိုတွန်းဖွင့်ပြီး ဝင်လာတယ် ။
မိုးစက် ဦးရာဇာ တစ်ယောက် ကုတင်ပေါ်မှာထိုင်နေတာကိုတွေ့လိုက်တယ် ။
မိုးစက် အခန်းကိုအလင်းရောင်ဝင်အောင် ပြတင်းပေါက်ကလိုက်ကာကို ဆွဲဖွင့်လိုက်တယ် ။"ခဗျားဆေးအရှိန်ပြယ်သွားပြီလား"
"ငါဘယ်လိုဖြစ်ပြီးဒီရောက်နေတာလဲ"
"အဲ့တာနောက်မှရှင်းပြပါ့မယ် အခုခဗျားလက်ပေးပါ!"
မိုးစက်ရဲ့ စကားကြောင့် ဦးရာဇာ ကြောင်သွားတယ် ။
မိုးစက်မှာ သူ့နဲ့လက်ထပ်ထားသူဖြစ်ပေမဲ့ မိုးစက်အပေါ်တစ်စက်မှကြည့်မရတာအမှန်ပါ ။
ပြီးတော့ သူက ယောင်္ကျားလေးချင်းကြိုက်တဲ့လူမဟုတ်ဘူးလေ ။
မိုးစက် ထိုင်ခုံတစ်ခုံယူပြီး ဦးရာဇာရဲ့ အရှေမှာထားကာ ထိုင်လိုက်တယ် ။"သွေးခုန်နှုန်းတိုင်းကြည့်မလို့ပါ သက်သာရင် ခဗျားကို အိမ်ပြန်ပို့ပေးမလို့ပါ"
"အဟက် ငါကမင်းစကားကိုဘယ်လိုနည်းနဲ့ ယုံကြည်ပေးရမှာလဲ
မင်းကငါ့ကိုဆေးခပ်တဲ့လူမလား မင်းဆီကိုငါမလာလို့ဆိုပြီး ဆေးခပ်ပြီးဒီခေါ်လာတာမလား?""ခဗျားထင်ချင်သလိုထင်!"
မိုးစက် ဦးရာဇာရဲ့ စကားကို အဖက်မလုပ်ပဲ နေလိုက်တယ် ။
မိုးစက် သွေးခုန်နှုန်းတိုင်းမလို့ ဦးရာဇာရဲ့ လက်ကိုကိုင်လိုက်တဲ့အချိန် ဦးရာဇာက
သူ့လက်ကို ပုတ်ချလိုက်တယ် ။
YOU ARE READING
Stupid Love ( Ongoing )
Romanceဦးရာဇာလင်းရှိန် : "မိုးစက်!!! ငါက မင်းလက်ထပ်ထားတဲ့ ယောင်္ကျား ။ မင်းကိုငါပိုင်တယ်ဆိုတာ မမေ့လိုက်နဲ့ ။" မောင်မိုးစက်ဝသန် : "ဒီမှာ ဦးရာဇာ ကျွန်တော် ခဗျားကို ဒီဘဝရော နောက်ဘဝရော ချစ်လာမှာမဟုတ်ဘူး ။ ခဗျားမသေချင်သေးရင် ကျွန်တော့်ကို မနှောင့်ယှက်တာ အကောင်း...