Part(2)Unicode

17 0 0
                                    

ကြယ်စင်လေးရဲ့လမင်း
(အပိုင်း၂)

သွားရမည့် အခန်းရှေ့သို့ ရောက်ပြီဖြစ်သောကြောင့် ကြယ်စင်လင်း တံခါးကိုအသာခေါက်လိုက်သည်။အတွင်းမှ သြဇာအာဏာ အပြည့်ဖြင့် 'ဝင်ခဲ့ပါ'ဟူသော အသံကိုကြားလိုက်ရသည်.။
ကြယ်စင်လေးလေည်း တွေဝေမနေတော့ဘဲ
တံခါးဖွင့်ပြီးအထဲသို့ ဝင်သွားလိုက်သည်။

အထဲတွင် ဆိုဖာပေါ်၌  အသက်၃၀ ဝန်းကျင် ချောမောခန့်ညားသော ယောက်ျားတစ်ယောက်ထိုင်နေသည်။ ထိုလူ၏အကြည့်များကလည်း ရဲတင်းလွန်းသည်။ ကြယ်စင်လေးကို စားမတတ် ဝါးမတတ်ကြည့်နေသည်။

"လာလေ ကြယ်စင်လေးရဲ့ ကိုယ့်ဘေးမှာလာထိုင်လေ"
ဟုဆိုကာ သူ့ဘေးမှနေရာလွတ်ကိုပြသည်။
ကြယ်စင်လေး ဝင်ထိုင်လိုက်တော့ ထိုလူက
ကြယ်စင်လေးရဲ့ ခါးကို နောက်ကနေ အတင်းပွေ့ဖက်လိုက်ပြီး ပခုံးပေါ်မေးတင်လျက်ဖြင့် စကားဆိုလာသည်။

"ကြယ်စင်လေးက နာမည်နဲ့လိုက်အောင် သိပ်ချစ်ဖို့ကောင်းတာဘဲကွာ "
ဟုဆိုပြီး ပခုံးလေးကို အတင်းလိုက်နမ်းနေသည်။ ထိုလူ့ဆီမှ စီးကရက်နံ ဝီစကီနံနဲ့
အကောင်းစား ယောက်ျားသုံးရေမွှေးနံတို့ကို
ရနေသည်။
ထိုလူ၏ မုတ်ဆိတ်မွေး ရေးရေးလေးကြောင့် ကြယ်စင်လေးခမျာ နေရကြပ်ပြီး ရှက်နေရသည်။ ထိုလူ့လက်မှလွတ်ရန် ကြံစည်နေရင်း အရက်ခွက်ကိုသာ ရမယ်ရှာလိုက်ရသည်။

"ကိုကြီး အရက်ကုန်နေပြီ ကျနော်ထည့်ပေးမယ်"
ဟုဆိုကာ ထိုလူ့လက်မှအတင်းရုန်းလိုက်ရသည်။ ထိုလူကလည်း အသာတကြည်လွှတ်ပေး၍သာ တော်တော့သည်။

"ကိုယ့်နာမည်က မင်းမြတ်တော်ဝင်
ကိုယ်က Mahar လုပ်ငန်းစုရဲ့ တူတော်တယ်လေ "

ထိုလူက သူ့အကြောင်းများကို ပြောလာသောကြောင့် အလိုက်သင့်လေး မျှောပေးရတော့သည်။

"ဟုတ်ကဲ့ ကျနော် သိထားပါတယ်"

"ဒါဆို ကိုယ့်မှာ အိမ်ထောင်ရှိတဲ့အကြောင်းရော မင်းသိထားမှာပေါ့"

ကလေးရှိတာပါသိတယ်ဟု အော်ပြောလိုက်ချင်ပေမယ့် စိတ်ထဲတွင်သာကြိတ်ပြောလိုက်ပြီး အပြင်မှာတော့

ကြယ်စင်လေးရဲ့လမင်းWhere stories live. Discover now