Part(3)Unicode

5 0 0
                                    

ကြယ်စင်လေးရဲ့လမင်း
အပိုင်း(၃)

အိမ်အပြန်လမ်းတစ်လျှောက်တွင် ကြယ်စင်လေးရဲ့ရင်ထဲ၌ အတွေးများစွာကြီးစိုးနေသည်။ ကြယ်စင်လေးရဲ့ အဖေသည် ငယ်စဥ်က ကြယ်စင်လေးကို အလွန်ချစ်သည်။

ကြယ်စင်လေးရဲအဖေက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ ရာထူးအလယ်အလတ်လောက်နဲ့.
လစာအတန်အသင့်ကောင်းသော ဝန်ထမ်းတစ်ယောက်ဖြစ်သည်။ ကြယ်စင်လေးရဲ့အမေက ငယ်စဥ်ထဲက မိဘတွေဆုံးသွားပြီး
အဒေါ်အိမ်တွင်ကပ်နေရသူဖြစ်သည်။
အမေနှင့်အဖေတို့က စျေးထဲတွင်စတွေ့ကြသည်ဟုဆိုသည်။

အမေက စျေးဝယ်နေရင်း အဖေ့ကိုမတော်တဆ ဝင်တိုက်မိရာမှချော်လဲမလိုဖြစ်သွားသည်။ အဖေက အချိန်မှီလှမ်းဆွဲလိုက်သောကြောင့်သာ ချော်လဲမသွားခြင်းဖြစ်သည်။ အမေနဲ့ အဖေရဲ့ တွေ့ဆုံမှုဟာ
မြန်မာကားဆန်နေသော်လည်း ခွဲခွာမှာတွင်တော့ မြန်မာကား မဆန်နိုင်ခဲ့ပါ။

အဖေနဲ့အဖေ ချစ်သူဖြစ်ကြပြီး ၆လအကြာမှာဘဲ မိဘတွေသဘောတူညီချက်ယူပြီးတစ်အိုးတစ်အိမ် ထူထောင်ခဲ့ကြသည်။ အစပိုင်းတွင် အဖေသည် ရိုးသားကြိုးစားပြီး တာဝန်ကျေပွန်သောခင်ပွန်းကောင်း ဖခင်ကောင်း အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ဖြစ်ခဲ့ပါသည်။

ကြယ်စင်လေးဆယ်တန်း အရွယ်ရောက်လောက်က
သားကြီးလာရင် ဘာဖြစ်ချင်လဲမေးတော့
လူနာတွေကို ကယ်တင်တဲ့ဆရာဝန်ကြီးဖြစ်ချင်တယ်လို့ဖြေခဲ့တာ။ အဖေကလည်း ငါ့သားဖြစ်ချင်တာ ဖြစ်ကိုဖြစ်ရမှာပေါ့ သားသာစာကိုကြိုးစား အဖေမင်းကို ဆရာဝန်ကြီးဖြစ်အောင် ထောက်ပံ့ပေးမယ်ဆိုပြီး ပေးခဲ့တဲ့ကတိဟာလည်း မတည်နိုင်ခဲ့ပါ။

မိဘများက ကျူရှင်ထားပေးသော်လည်း
ကြယ်စင်လေးက အိမ်စရတ်အပြင် ကျူရှင်ဖိုးပါ အပိုမကုန်စေချင်သောကြောင့် ကျူရှင်မတက်ခဲ့ပါ။ တစ်နေ့စာတစ်နေ့ပုံမှန်ကြိုးစားပြီး
ဉာဏ်ကလည်းကောင်းသောကြောင့် All D
ဖြင့်အောင်မြင်ခဲ့သည်။

အောင်စာရင်းထွက်တဲ့နေ့က အဖေမျက်ရည်ကျတာကို ဘဝမှာပထမဆုံးမြင်ဖူးခြင်းပါဘဲ ။ အဖေကတော့ ဝမ်းသာလွန်းလို့ကျတာပါလို့ပြောသည်။
နောက်တော့ ဆေးလိုင်းမီသဖြင့် ရန်ကုန်ဆေးတက္ကသိုလ်၂တွင် တက်ရောက်ခဲ့သည်။
ပထမနှစ်အထိ ဘာအခက်ခဲမှမရှိဘဲ ပညာသင်ကြားရင်း ပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ခဲ့သည်။

ကြယ်စင်လေးရဲ့လမင်းWhere stories live. Discover now