Part(1) Unicode

68 2 0
                                    

ကြယ်စင်လေးရဲ့လမင်း
အပိုင်း (၁)

တိုးတက်ဖွံဖြိုးလှတဲ့ ရန်ကုန်မြို့ရဲ့ ညဘက်ရှုခင်းများမှာ အလွန် လှပသာယာနေသည်။
မီးရောင်စုံအောက်တွင် အထပ်မြင့်
အဆောက်အဦးများ ၊ဟိုတယ်ကြီးများ၊စားသောက်ဆိုင်ကြီးများမှာ ရန်ကုန်မြို့၏
တိုးတက်မှုကို လှစ်ဟဖော်ပြနေသယောင်။

ချမ်းသာသည့်မြို့ ဖြစ်သည့်အလျောက်
လူချမ်းသာတို့ ဇိမ်ခံရန် ပိုက်ဆံဖြုန်းရန်
နေရာများလည်း များပြားလှသည်။
Bar များ၊ Club များ၊KTVများ ၊ကာစီနိုရုံကြီး
များမွာ ညအချိန်တွင် ပိုမို သက်ဝင်လှုပ်ရှားကြသည်။

ထိုထဲမှ တစ်ခုအပါအဝင်ဖြစ်သော
Dream Light KTV သည် ရန်ကုန်မြို့၏
နာမည်အကြီးဆုံး KTV များမှတစ်ခုဖြစ်သည်။ Dream Light သည် ရန်ကုန်မြို့၏
အချက်အချာကျသော လမ်းမကြီးပေါ်တွင်
တည်ရှိသော နှစ်ထပ်အဆောက်အဦး တစ်ခုဖြစ်သည်။ အပြင်ပန်း အပြင်အဆင်ကို ကြည့်ရုံဖြင့် တော်ရုံငွေရှိသူများပင် ဝင်နိုင်မည်မဟုတ်ကြောင်း ထင်ရှားသည်။

Dream Light ဟူသော electric ဆိုင်းဘုတ်
အပြာရောင်အောက်တွင် အစီအရီ စိုက်ပျိုးထးသော Carnation ပန်းပင်များမှာ အပြာရောင်မီးရောင်ဖြင့် အလွန်ပနံသင့်လှသည်။

KTV ဝင်းအတွင်း ရပ်ထားသော ကားများမွာ
သိန်းထောင်ဂဏန်း အမျိုးအစား များသာဖြစ်ပြီး အရောင် တစ်မျိုးစီဖြင့် သစ်လွင်တောက်ပနေကြသည်မှာ Car Showroom
တစ္ခုအလား။

KTV ၏ အဝင်ဝတွင် Security နှစ်ဦး ရှိနေပြီး
ဝင်းအတွင်းတွင် စီးကရက်နေသူများ၊ Beer
သောက်နေသူများဖြင့်ပြည့်နေသည်။

Dream Light သည် အောက်ထပ်တွင် KTV
အခန်းများထားရှိပြီး အပေါ်ထပ်တွင် Hall
ခန်းကျယ်ကျယ်၌ စားသောက်ဝိုင်းများ ပါဝင်ပြီး ညတိုင်းအလှည့်ကျ ဝန်ထမ်းများက သီချင်းဆို ဖျော်ဖြေကြသည်။

ခေါင်မိုးထပ်တွင် အေးဆေးအနားယူလိုသူများအတွက် Bar တစ်ခုရှိသေးသည်။
ရောင်စုံနီယွန် မီးလုံးများအောက်တွင် အနောက်တိုင်း Classic ဂီတသံတစ်မျိုး
ငြမ့်ငြောင်းစွာ ထွက်ပေါ်နေသည်။

ထို့ကြောင့်လည်း Dream light သည် ငွေရှိသူများ အချိန်လာဖြုံးကြသော နေရာတစ်ခုဖြစ်နေသည်။

ကြယ်စင်လေးရဲ့လမင်းWhere stories live. Discover now