အပိုင်း (၁၅)

414 64 7
                                    

ဆယ်ဟွန်း တောင်တက်ခရီးကနေပြန်လာတော့ ည ၈ နာရီကျော်နေပြီဖြစ်သည်။ အဖွဲ့လိုက် စားသောက်ပြီးမှပြန်ရသောကြောင့် မှန်းထားသည့်အချိန်ထက် ညနက်သွားရသည်။ တိတ်ဆိတ်နေတဲ့အိမ်ကြောင့် ဒိုဒို စောစောအိပ်သွားပြီဟုသာ တွေးလိုက်မိသည်။ အိမ်တံခါးဆွဲဖွင့်ဝင်လိုက်ပြီး ဧည့်ခန်းမှာထိုင်နေသည့်လူကိုတွေ့တော့ ဆယ်ဟွန်း ကြောင် အ သွားသေးသည်။
ငယ်ကတည်းက အကြောမတည့်တဲ့ဒီကောင်က ဒီအချိန်ထိ အိမ်မှာဘာလာလုပ်နေတာလဲ။

"အိုဆယ်ဟွန်း.."

"မင်း ဒီမှာဘာလုပ်နေတာလဲ"

ဆယ်ဟွန်းရဲ့ မယဉ်ကျေးတဲ့အသုံးကြောင့် ချန်းယောလ် စိတ်အလိုမကျဖြစ်ရပေမဲ့ ဒီအချိန်မှာ သူ့ကိုကယ်တင်နိုင်မဲ့သူက ဆယ်ဟွန်းတစ်ယောက်သာရှိသည်ကို သတိရပြီး ဒေါသတွေကို မြိုချလိုက်သည်။ အချိန်တွေသာကြာသွားတာ ဒီကောင်အချိုးမပြေတာကတော့ ပြောင်းမသွားဘူး။ ဒိုဒို အစားမှားပြီး နေမကောင်းဖြစ်သွားတဲ့အကြောင်း ဆယ်ဟွန်းကိုပြောပြတော့ ဆယ်ဟွန်းကလည်း အရမ်းစိတ်ပူသွားတဲ့ပုံပေါ်သည်။

"အခုရော ဒိုဒို ဘယ်လိုနေသေးလဲ"

"သက်သာတယ် အရမ်းအန်နေလို့ ဆရာဝန်ခေါ်ပြတာ
အန်လိုက်တော့ ဓာတ်အရမ်းမရောက်သွားဘူးလို့ပြောတယ်"

"တော်သေးတာပေါ့ ဒိုဒိုက မွေးရာပါ G6PD လေ
ပဲနဲ့ပတ်သက်တာတွေ စားလို့မရဘူး
မသိဘဲ ကျွေးမိတုန်းကဆို ငယ်သေးတော့ ဒဏ်မခံနိုင်ဘဲ သတိလစ်သလိုတောင်ဖြစ်သွားခဲ့တာ
အဲ့ဒီတုန်းက ဂျောင်ဆူးတစ်ယောက် အရူးမီးဝိုင်းပဲ မင်းသိလား"

"ငါတကယ်မသိခဲ့တာပါ
သိလျက်နဲ့ဆို ဒီလိုလုပ်မလား"

"သိလျက်နဲ့လုပ်ရင်လည်း မင်းကိုအသေသတ်ပစ်ဖို့ပဲရှိတယ်
အခု ဂျောင်ဆူးရော..."

"ဒိုဒိုနဲ့အခန်းထဲမှာ..."

ဆယ်ဟွန်းခေါင်းငြိမ့်ပြပြီး အပေါ်ထပ်တက်သွားတော့ ချန်းယောလ်လည်းနောက်ကနေ အသာလေး လိုက်သွားရသည်။ ဂျောင်ဆူးအရမ်းငိုနေမလားစိတ်ပူပြီး ဒိုဒို နိုးနေပြီလားလည်း သိချင်သေးသည်။ အခန်းတံခါးနှစ်ချက်ခေါက်ပြီးတာနဲ့ အခန်းထဲတန်းဝင်သွားသည့် ဆယ်ဟွန်းကို ချန်းယောလ်မနာလိုဖြစ်မိသေးသည်။ သူက ဒီလိုပဲ ဂျောင်ဆူးအခန်းကို ဝင်နေကျများလား။

ကြိုးWhere stories live. Discover now