အပိုင်း (၂၁)

397 57 4
                                    

✿⁠ ✿⁠ ✿⁠

နီရဲတင်းဖောင်းနေသော ခြေဖမိုးများကြောင့် ဂျောင်ဆူးလှုပ်ရှားသွားလာရခက်ခဲနေသည်။
ဖြေဖမိုးတင်မက ခြေသလုံးဖွေးဖွေးလေးများကပါ တုတ်တင်းပြီး ရောင်လို့နေသည်။
ကိုယ်ဝန်ရင့်လာတာနှင့်အမျှ တစ်နေ့တစ်မျိုး မရိုးရတဲ့ အစားအသောက်ပျက်တာ ခန္ဓာကိုယ်လေးလံတာတွေကို ခံစားလာရသည်။ လုံးဝန်းနေတဲ့ ဗိုက်သားလေးပေါ် ပွတ်သပ်နေသည့် ဂျောင်ဆူးလက်ဖမိုးလေးများကပါ တင်းရင်းပြီး အနီသွေးလွှမ်းလို့နေသည်။

"ငါအဆင်မပြေသလို ကလေးလေးအဆင်မပြေဖြစ်နေမှာစိုးလိုက်တာ"

သားလေးလို့ သိရကတည်းက ဂျောင်ဆူးမှာ ပျော်သလို ဝမ်းနည်းသလို ခံစားချက်ပေါင်းစုံနှင့် ဖြစ်နေရသည်။ တကယ်လို့များကိုကိုသာကြည်ဖြူခဲ့ရင် သူ့ကလေးလေးက သားယောက်ျားလေးဖြစ်နေခြင်းအပေါ် ကိုကိုက ဘယ်လိုတုံ့ပြန်မလဲ သိချင်သည်။ ကိုယ်ဝန်ကြောင့် ဝေဒနာမျိုးစုံခံစားနေရပြီး ဝမ်းနည်းလွယ်လာသည့် ဂျောင်ဆူးက ကိုကို့ကို သတိရတိုင်းမကြာခဏ ငိုနေမိတော့သည်။

သန္ဓေသားကိုလွယ်ထားရသည့်ကိုယ်ဝန်ဆောင်တစ်ဦးအတွက် အတောင့်တဆုံးအရာက ထိုကိုယ်ဝန်၏ သက်ဆိုင်သူ အမျိုးသားဖြစ်ပြီး အနာကျင်ရဆုံးက ထိုအမျိုးသား၏ မျက်နှာလွှဲမှုများဖြစ်သည်။ ကိုယ်ဝန်ဆောင်ခြင်းက အမျိုးသမီးတစ်ယောက်အတွက် မြင့်မြတ်ပြီး ကောင်းချီးပေးခံရခြင်း ဖြစ်နိုင်ပေမဲ့ အမျိုးသားဖြစ်တဲ့ ဂျောင်ဆူးအတွက်တော့ အနည်းနဲ့အများ အခက်အခဲရှိသည်။

ဆယ်ဟွန်းအဒေါ်တို့အိမ်မှာ အဆင်ပြေခဲ့ပေမဲ့ မြို့ပေါ် စပြောင်းပြောင်းချင်းမှာ
လူတွေရဲ့ထူးဆန်းတဲ့အကြည့်မျိုးရင်ဆိုင်ရသည်။ ဂျောင်ဆူးကိုသာမက ဆယ်ဟွန်းကိုပါ အထူးအဆန်းလိုအကြည့်တွေ၊ အပြောတွေကြောင့် အားနာစိတ်ဖြစ်ပြီး အိမ်တွင်းအောင်းနေမိတာသာများသည်။ ဘာကိုမှ ဂရုမစိုက်တတ်သောဆယ်ဟွန်းကတော့ အလုပ်လည်းဝင်နေရင်း ဂျောင်ဆူးကိုလည်း သေချာဂရုစိုက်ရှာသည်။

"မင်းခြေထောက်တွေ အဆင်ပြေရဲ့လား
ရေပတ်ဝတ်ကပ်ပေးမယ်လေ"

"ရတယ် ဆယ်ဟွန်း
ငါနေ့လည်က လုပ်ထားသေးတယ်"

ကြိုးWhere stories live. Discover now