ဇာတ်သိမ်းပိုင်း

679 49 8
                                    

ထမင်းစားပွဲပေါ်မှာ ပြည့်လျှံနေအောင်ပြင်ထားသည့် ဟင်းပွဲများကိုကြည့်ပြီး ဆယ်ဟွန်း မျက်ခုံးပင့်ရသည်။ သူတို့အတူတူနေခဲ့ကြတဲ့ ဒိုယောလ် တစ်သက်အတွင်း ဒီလောက်များတဲ့ဟင်းပွဲတွေ တစ်ခါမှ မတွေ့ဖူးခဲ့။ ဆယ်ဟွန်းကလည်း အစားသောင်းကျန်းသူမဟုတ်သလို ဂျောင်ဆူးကလည်း စီစီစစ်စစ် သုံးလေ့ရှိသူမို့ ဟင်းပွဲများကို စားလောက်ရုံသာပြင်လေ့ရှိပြီး အလေအလွင့်ဖြစ်မည့်ပမာဏမျိုး တစ်ခါလေးမှ ချက်မစားခဲ့ဖူးပေ။

"ဆယ်ဟွန်းနီး ထိုင်လေ"

ပါးနှစ်ဖက်လုံးဖောင်းတက်ပြီး နှုတ်ခမ်းလေးအသဲပုံဖြစ်တဲ့အထိ ပြုံးပြပြီးပြောနေတဲ့ ဂျောင်ဆူးကြောင့် ဆယ်ဟွန်းက တစ်ခုခုတော့
တောင်းဆိုတော့မည်ဆိုတာ သိလိုက်သည်။

"ပြောစရာရှိရင် ဒီတိုင်းပြောပေါ့
ဘာလုပ်ဖို့ ဟင်းတွေအများကြီးချက်ထားတာလဲ"

"ဆယ်ဟွန်းကို အများကြီးစားစေချင်လို့ပါ
ဒီရက်ပိုင်းအလုပ်တွေ ပင်ပန်းတယ်မလား
များများစားမှ အားရှိမှာပေါ့"

ဆယ်ဟွန်းပန်းကန်ထဲ ဟင်းတွေတစ်မျိုးပြီးတစ်မျိုး ခပ်ထည့်နေသည့် ဂျောင်ဆူးကိုကြည့်ပြီး ဆယ်ဟွန်း စ ချင်လာသည်။
ဂျောင်ဆူးက ပြောဖို့ တွန့်ဆုတ်နေပေမဲ့ ဒါတွေက တစ်နေ့ကြုံတွေ့လာရမည်ဆိုတာ ဆယ်ဟွန်းကြိုသိပြီး လက်ခံထားပြီးသားကိစ္စဖြစ်သည်။ အစကတည်းကလည်း ဂျောင်ဆူးအပေါ် သူငယ်ချင်းစိတ် ညီအစ်ကိုစိတ်ထက် ပိုမနေခဲ့သလို သူ့မိသားစုနဲ့ပြန်အဆင်ပြေသွားစေချင်စိတ်သာ ရှိခဲ့သည်။ပတ်ချန်းယောလ်က ဆယ်ဟွန်းမျက်လုံးထဲ ထောင့်မကျိုးပေမဲ့ ဂျောင်ဆူးနဲ့ဒိုယောလ်ကို သေချာစောင့်ရှောက်နိုင်မည်ဟု ယုံကြည်သည်။

"အားရှိဖို့လိုနေတာ မင်းမဟုတ်ဘူးလား
ယောက်ျားနဲ့အတူတူပြန်လိုက်နေတော့မှာဆိုတော့
နောက်ထပ် ကလေးလေးတွေမွေးဖို့ အားမွေးထားရမှာပေါ့"

"အိုဆယ်ဟွန်း"

ချက်ချင်းနီရဲလာတဲ့မျက်နှာနဲ့ နားကွဲမတတ်အသံကြောင့် ဆယ်ဟွန်း နားကိုအုပ်ထားရင်း အော်ရယ်လိုက်သည်။ အမြဲတမှိုင်မှိုင်ဖြစ်နေတတ်တဲ့ဂျောင်ဆူးဆီက ဒီလိုအသံအကျယ်ကြီးကြားရတာ ပျော်စရာကောင်းသည်။ သူအချိန်အကြာကြီးစောင့်ရှောက်ထားခဲ့တဲ့ သားအဖကို နောက်ဆုံးမှာတော့ သက်ဆိုင်သူလက်ထဲ အထိအခိုက်မရှိ ပြန်ထည့်ပေးနိုင်တော့မည်။ တွယ်နှောင်မိတဲ့သံယောဇဉ်တွေကြောင့် စိတ်မကောင်းတော့ဖြစ်မိပေမဲ့ မိသားစုဆိုတာ အတူတူရှိပြီး နွေးထွေးနေသင့်တဲ့ တော်စပ်မှုမျိုးပဲ မဟုတ်လား။

ကြိုးDove le storie prendono vita. Scoprilo ora