Part 3 (Uni +ZawGyi)

902 44 0
                                    


နော်အလကာ် မင်းထက်သာရ အခန်းထဲက ထွက်လာလိုက်ပြီး ထမင်းစားခန်းထဲ ဝင်တော့
အခန်းဝမှာ ဦးနော်ထက်လွင်နဲ့ တိုးတော့သည်။
မ​မေးတာကြာတဲ့ အဖေဖြစ်သူက "ပျော်နေတယ့် ပုံဘဲ" လို့ပြောတာကို ကြားလိုက်တာကြောင့် အနည်းငယ် ပုခုံးတွန့်သွားတော့သည်။

"လာပြီလား သားနော် သားနော် ညီလေး အဆင်ပြေရဲ့လား အဲ့ကလေးက သချာ်သိပ်မရဘူးကွဲ့"

"အန်တီ သူ့ကို ကျူရှင်ထားသင့်တယ်"

"အန်တီထားပါတယ် သူကိုက မတက်ချင်ဘူးပြောနေတာ အဲ့တာကြောင့်...."

"Daddy ဒီနေ့ ဆရာမဆုရည် လာရင် ဆရာမကို ၄ တန်းကျောင်းသားတစ်ယောက်အတွက် သချာ်သင်ပေးနိုင်မလား မေးလိုက်ပါ ဆရာမက အထက်တန်းသချာ်ပါ ဒီလောက်အဆင်ပြေတာ
မင်းထက်သာရနဲ့ဆို သူအဆင်ပြေမှာပါ ကျူရှင်
မတက်ချင်လဲ ဆရာမခေါ်သင်ပေးလိုက်ပေါ့ Daddy သားလို့ ခံယူထားတာဘဲမလား"

"အလကာ်...."

ဦးနော်ထက်လွင်က ပျော်တဲ့အကြည့်နဲ့ကြည့်တော့ အလကာ် မျက်နှာ လွှဲကာ စကားလမ်းကြောင်းပါလွှဲလိုက်တော့သည်။

"တီကြည် ထမင်းစားဖို့အကုန်အဆင်သင့်ဖြစ်ရင် ကျွန်တော်စားတော့မယ်နော်"

"​စားလို့ရပြီ သားအလကာ်"

"ဟုတ်ကဲ့"

ပြောပြီးတာနဲ့ ဦးနော်ထက်လွင်နဲ့ ဒေါ်ခက်သာ ပန်းကန်ထဲ ဟင်းကို ဦးချကာ ထမင်းစစားလိုက်တော့သည်။

"နောက်ဆုံးတော့ မင်းညီလေးကိုပါ လက်ခံနိုင်ပြီပေါ့"

!ချွင်!

ဦးနော်ထက်လွင်စကားအဆုံး နော်အလကာ်က ဇွန်းနဲ့ခက်ရင်းကို ပန်းကန်ပေါ်တင်လိုက်ပြီးလျှင် သက်ပြင်းချလိုက်တော့သည်။

"ဟူး.....ကျွန်တော်ထပ်ပြောမယ်
နောက်လဲ အမြဲမှတ်ပေးထားဖို့ မျှော်လင့်ပါတယ်
ကျွန်တော်တစ်ခါမှ မင်းထက်သာရကို ကျွန်တော့်ညီလေးလို့ မသတ်မှတ်ဖူးဘူး အခုလဲမသတ်မှတ်သလို နောက်လဲမသတ်မှတ်ဘူး အမှန်တိုင်းပြောရရင် အန်တီ့ကိုတော့ အားနာပေမယ့် ကျွန်တော့်ညီတစ်ယောက်အနေနဲ့ ကျွန်တော်သူ့ကိုမုန်းတယ်"

အတိတ်မှသည်......Where stories live. Discover now