Part 22 (Uni+ZawGyi)

319 12 1
                                    

သာရ ကြားလိုက်ရတဲ့ ကိုယ့်နားကိုပင် မယုံနိုင်ပေ။
နှိုင်းမညီက အလင်္ကာ့ကို သဘောကျနေတယ်ဆိုတာကို သိထားပေမယ့် အလင်္ကာက အခုလိုမျိုး
​ပြောဆိုလာလိမ့်မယ်လို့ သူတကယ်မထင်ထားမိတာပေ။

"ပြီးတော့ ကလေးကိုယ့်ဆေးရုံကို
လာတဲ့နေ့ကလဲ သူကိုယ့်ဆေးရုံကိုလာခဲ့တယ်"

"ငါသိတယ်"

"လင်းထက်အခန်းဆီကို လာတဲ့နေ့ကလဲ
သူနဲ့တွေ့တယ်"

"အင်း"

"မနက်ကလဲ သူနဲ့တွေ့တယ်"

"အင်း"

"သူ့ကိုယ်ကိုပြောတယ်"

".........."

သာရ စကားပြန်မပြောနိုင်တော့ဘဲ
အလင်္ကာပြောသမျှသာ နားထောင်နေလိုက်တော့သည်။

"နှိုင်းက လင်းထက်ကိုချစ်နေတာတဲ့"

"ဟင်"

"ဟုတ်တယ်
ကိုယ်တို့ကအခု သူငယ်ချင်း Case ဘဲ
မနက်တုန်းက ကိုယ်တို့နောက်ကို
နောက်ယောင်ခံတဲ့လူရှိတယ်။ဘယ်သူလဲတော့ ကိုယ်လဲမသိလိုက်ဘူး"

"နောက်ယောင်ခံလိုက်တယ်"

"ဟုတ်တယ်။ဒါ​ပေမယ့် ​နှိုင်းက ငိုပြီးတော့ ကိုယ့်ဆီကို ရင်ဖွင့်နေတော့ ကိုယ်က နှစ်သိမ့်ပေးနေတာနဲ့
ကိုယ်အဲ့ Stalker နောက်ကို မလိုက်လိုက်ရဘူးကလေး မကြာခင် အဲ့ဓာတ်ပုံတွေက ကလေးဆီရောက်လာမှာစိုးလို့ပါ။မဟုတ်ရင်လဲ social မှာပြန့်သွားမှာ စိုးတယ်"

"ငါအိပ်တော့မယ်
စိတ်ချပါ။မင်းသူငယ်ချင်းဆိုတဲ့လူနဲ့
မင်းပုံတွေ Social မှာမပြန့်စေရပါဘူး"

သာရက အသံသိမ်ငယ်စွာပြောလိုက်တော့
အလင်္ကာကထိုင်နေရာကနေ ထလာလိုက်တော့သည်။အထင်မလွဲ​စေချင်လို့ ရှင်းပြမိကာမှ
ပိုဆိုးသည့်အခြေနေကိုရောက်သွားတာမို့
အလင်္ကာဘာပြောရမှန်းမသိတော့ပေ။

"ကိုယ်...."

"ငါအိပ်တော့မယ် အလင်္ကာ "

"အင်း"

သာရက ဖုန်းကိုင်ကာ အိပ်ယာဝင်လိုက်တော့သည်။
အလင်္ကာက အနောက်ကနေ ချော့ဖို့လိုက်လာမယ်
ထင်လိုက်ပေမယ့် လိုက်မလာတဲ့သူကြောင့်
မျက်လုံးမှိတ်ပြီး အိပ်ဖို့ဆီကိုသာဦးတည်လိုက်တော့သည်။

အတိတ်မှသည်......Where stories live. Discover now