"ဘာပြောလိုက်တာလဲ အလကာ်""ကျွန်တော် ပြင်ဦးလွင်သွားမယ်လို့ ပြောနေတာ Daddy Mommy ဝယ်ပေးထားတဲ့ ခြံမှာနေပြီးကျောင်းတက်မယ်"
အရင်နေ့က ဒေါ်ခက်သာ နှစ်သိမ့်ပြီးနောက်နေ့မှစ၍ နော်အလက်ာက ထမင်းစားဝိုင်းမှာ ထမင်း
တူတူမစားပေ။နှစ်ပတ်လောက်ကြာမှသာ ထမင်းစားဝိုင်းထဲ စဝင်ကာ ထိုင်ရင်း မနက်စာ မစားဘဲ ဦးနော်ထက်လွင်ကို သူဖြစ်ချင်တာကိုပြောသည်။"မတက်ရဘူး အလကာ်"
"Daddy"
"နောက်နှစ်ဆို ဆယ်တန်းဖြစ်တော့မှာ
အလကာ် အခုတည်းက မသေချာရင် ဆယ်တန်းကျရင် အခြေနေမကောင်းနိုင်ဘူး မင်းကို
နံပါတ် ၁ ပါဆိုတဲ့ကျောင်းမှာထားထားတာကို
မင်းကဘာတွေအဆင်မပြေဖြစ်နေတာလဲဟမ်""ဖြစ်တာကတော့ ၄ တန်းခန်းက ဟိုအကောင်ဘဲ"
"အလကာ် မင်း....."
"ထားလိုက်ပါ ဖေဖေ သားဘားမှမဖြစ်ပါဘူး"
မင်းထက်သာရက ဝင်ပြောကာ ဦးနော်ထက်လွင် လက်ကို ဆုပ်ကိုင်လိုက်သည်။ထိုအရာကိုမြင်သွားတဲ့ နော်အလကာ်က မဲ့ပြုံးပြုံးရင်း မထီမဲ့မြင်အသံဖြင့်ပြောသည်။
"အလကားကောင်
အမေအားကိုးနဲ့.........""ဘာဖြစ်နေတာလဲ ကို"
ထမင်းစားဝိုင်း ထဲ ဝင်လာတဲ့ ဒေါ်ခက်သာရဲ့ အသံကြားတော့ ဦးနော်ထက်လွင်ရော
နော််အလကာ်ရောက ထနေတာကနေ ထိုင်လိုက်တော့သည်။မင်းထက်သာရကတော့ ထိုင်နေရာကနေ ထလိုက်ပြီး ဒေါ်ခက်သာနားသွားကာ တိုးတိုးလေး ပြောလိုက်တော့သည်။"မေမေ သား ကိုကို့ကိုကြောက်တယ် မုန့်မစားချင်တော့ဘူး"
ထိုစကားကိုသာပြောပြီး ကိုယ့်အခန်းထဲ ကိုယ်သွားလိုက်တော့သည်။
"သားနော် ဘာဖြစ်လို့လဲ"
"ခက့်သားက ပြင်ဦးလွင်ကိုပြောင်းမလို့တဲ့လေ"
"သားနော်"
"ကျွန်တော် ဆယ်တန်းကျရင် အေးအေးဆေးဆေးလေး စာလုပ်ချင်လို့ပါ အန်တီ"
"သားဖြစ်ချင်တဲ့အရာကို အန်တီမတားပါဘူး
ဒါပေမယ့် နောက်နှစ်မှသွားနိုင်မလားသား
အခုက သားကျောင်းစရိတ်က အကုန်လုံးပေးချေထားပြီးပြီမလား"
YOU ARE READING
အတိတ်မှသည်......
Romanceအတိတ်ဆိုတဲ့ အချိန်က ပြန်သွားလို့မရပေမယ့် ပစ္စုပ္ပန်ကိုတော့ကောင်းမွန်တဲ့အမှတ်တရတွေဘဲ ရှိစေချင်တယ်။အမှတ်တရကောင်းတွေကို ချစ်ရတဲ့မင်းနဲ့အတူ ဖြတ်သန်းမယ်။