Ep-7

420 30 14
                                    

လက်ကိုဆေးထည့်ပေးနေရင်း တစ်ရှူံရှူံငိုနေတဲ့ ကောင်လေးကိုကြည့်ရင်း အသဲယားမိသည်။ဆေးထည့်တဲ့အချိန် စပ်မှာဆိုးလို့နှုတ်ခမ်းလေးဆူကာ လေမှုတ်ပေးသေးသည်။လက်က ဒဏ်ရာ ဖြစ်တာသူ့ကြောင့်ဆိုပြီးတစ်ချက် တစ်ဖွဖွပြောကာ ငိုနေသေးသည်။တစ်ကယ်ပါ ဒီကောင်ပေါက်လေးက အငိုအရမ်းသန်တဲ့ ချစ်စရာကလေးလေးပင်။

"Bokie မငိုနဲ့တော့နော် တိတ်တော့......."

"ဒါပေမဲ့.....ဟင့်.....မင်းလက်က....အရမ်းနာနေမှာ....ဟင့်"

"ဟော မငိုပါနဲ့တော့ဆို.....ငါမင်းကိုမေးမယ်"

"ဟင်...ဟင့်...ဘာလဲ....မေးလေ"

"ငါ့ကို ချစ်လား....ဟင့်အင်း မဟုတ်ဘူး ငါ့ကိုပြန်ချစ်ပါလား"

"ဟမ်....မင်း....မင်းတစ်ကယ်ပြောနေတာလား Hyun Jin ဒါ....ဒါက နောက်စရာမဟုတ်ဘူးနော်"

"ဟင့်အင်း ငါနောက်နေတာမဟုတ်ဘူး အတည်ပြောတာ"

"ငါ့ကို မင်းအရင်ကောင်မလေးတွေလိုများ-"

"ငါမင်းကိုတစ်ကယ်ချစ်တယ် Yong Bok သူတို့နဲ့မခံစားရတဲ့ခံစားချတ်က မင်းဆီမှာပဲခံစားရတာ အဲ့ခံစားချက်တွေကို ငါအစက လက်မခံနိုင်ခဲ့မိတာနောက်ပြီး မင်းတစ်ခြားသူနဲ့ရှိနေတာ ရီမောနေတာကို ငါမကြိုက်ဘူး အဓိက ဟိုBang Chan ဆိုတဲ့လူ ငါ့မှာ ဒီနေ့သူနဲ့ မင်းနှစ်ယောက်ထဲ အပြင်သွားတယ်ဆိုတော့ ဘယ်လောက်စိတ်ပူလိုက်ရလဲ"

သူ့စကားကိုဆုံးအောင်တောင်မပြောရသေး ကြားထဲကနေ Rapရွတ်သလိုပြောသွားတဲ့Hyun Jinကိုကြောင်ကြည့်နေမိသည်။
သူလဲမချစ်ဘူးလားဆိုတော့ ချစ်တာပေါ့ တစ်ကယ်တမ်းစချစ်ခဲ့တဲ့သူက သူပဲမလား။ခုလောလောဆယ် Bang Chan Hygနဲ့အထင်လွဲနေတာကိုရှင်းပြရမယ် မဟုတ်ရင် Hygကိုတွေ့တိုင်းရန်ရှာနေအုံးမယ်လေ။

"Hyun Jin တစ်ကယ်တော့ ငါနဲ့ Chan Hygနဲ့က ညီအကိုတွေလိုပါပဲ အဲ့တာကြောင့် Hygကိုတွေ့ရင် ရန်‌သူလိုလုပ်မနေပါနဲ့.......ပြီးတော့ ငါ...ငါ...ငါကလည်း...မင်းကိုချစ်‌တာမို့"

"ဟင်.... Yong Bok တစ်ကယ်ပြောတာလား....အခုငါ့ကို အဖြပြန်ပေးလိုက်တာပေါ့လေ"

"အင်း ဟုတ်တယ် ငါဆိုတဲ့ Lee Yong Bok ကHwang Hyun Jin ကိုချစ်တယ်"

"ကျေးဇူးတင်ပါတယ် ငါမင်းကိုအမြဲချစ်သွားမယ်လို့ကတိပေးတယ်"

I ᗯIᒪᒪ ᗩᒪᗯᗩYՏ ᒪOᐯᗴ YOᑌ {COMPLETE}Where stories live. Discover now