တစ်ခြားသူတွေအတွက် အချစ်ဆိုတာဘယ်လိုသက်မှတ်ထားလဲ ကျတော်မသိဘူး၊ကျတော့်အတွက်ကတော့ သူ့ရဲ့ဘေးနားမှာရှိနေရရုံနဲ့ သူ့ကိုငေးကြည့်နေရရုံနဲ့ ကျေနပ်ပါတယ်။ခုလဲ ကန်တင်းရဲ့ တစ်ဖက်ဝိုင်းမှာ ထိုင်နေတဲ့ Hyun Jin နဲ့သူ့ကောင်မလေး တို့
ကျီဆယ်နေတာကို ငေးကြည့်နေမိသည်။"Hyun Jin ကဘယ်တုန်းကနောက်တစ်ယောက်ထပ်ရသွားပြန်တာလဲ၊ ဘယ်မေဂျာကလဲ ကောင်မလေးက"
အအေးခွက်တစ်ခွက်ကိုကိုင်ကာ မိမိဘေးနားလာထိုင်တဲ့ Choi Y/N ကHyung Jinတို့ထိုင်နေတဲ့ဝိုင်းကိုကြည့်ပြီးမေးလာတော့ သက်ပြင်းတစ်ချက်ချကာ ခပ်ရေးရေးပြုံးလိုက်ပြီး
"ပထမနှစ် အနုပညာမေဂျာက"
"Bokkie......"
"ဟင် ပြောလေ Y/N"
"နင်ဒီတိုင်းပဲနေနေမှာလား"
"ဘာကို....ဘာကိုလဲ"
"နင်..... Hyun Jin ကို သဘောကျနေတာမလား"
"အရမ်းသိသာနေတာလား"
"အရမ်းလဲ မသိသာပါဘူး...."
"နင်သူ့ကိုသဘောကျနေရင် ကြိုးစားကြည့်ပါလား"
Y/Nရဲ့ စကားကြောင့်မိမိမှာ အလန့်တစ်ကြားလက်ပါကာပြမိသည်။
"ဟင့်အင်း သူနဲ့ငါက လုံး၀ကွာခြားလွန်းတယ် လုံး၀မဖြစ်နိုင်ပါဘူး ပြီးတော့ ငါမျှော်လဲမမျှော်လင့်ရဲဘူး"
"ဟူးးးး ငါဘယ်လိုလုပ်ပေးရမလဲမသိတော့ဘူးဟယ်"
"Yong Bok!!!!!"
"အမလေး....လန့်လိုက်တာ"
Hyun Jin ခေါ်လိုက်တာYong Bokကိုဆိုပေမဲ့ အသံထွက်ပြီးလန့်သွားတဲ့သူကတော့
Y/Nပင်။"Yrr..... Hwang Hyun Jin ဖြည်းဖြည်းသက်သာခေါ်ပါလား"
"ငါကဖြည်းဖြည်းခေါ်တာပဲနင်ကသာလန့်နေတာ ပေါက်ကျော်မရဲ့"
"နင်....ငါ့ကိုအဲ့လိုမခေါ်ဖို့ပြောထားတယ်လေ အရူးကောင် "
"ကဲတော်ပါတော့ ဘာပြောမို့လဲ ပြောလေ
Hyun Jin"သူသာ၀င်မတားရင် ဒီနေရာမှာ နှစ်ယောက်သားထသတ်မဲ့အနေထားရှိတာမို့ အမြန်တားရသေးသည်။