"ခွမ်း!!!!!"
ကြားလိုက်ရတဲ့စကားကြောင့် လက်ထဲကအအေးခွက်ပင်လက်ထဲကလွတ်ကျသွားရသည်။ဧည့်ခန်းထဲကသူတွေအကုန်လုံးရဲ့အကြည့်ကသူဆီရောက်လာတာကြောင့်
ဝဲတက်လာတဲ့ မျက်ရည်တွေကိုမမြင်စေချင်တာကြောင့် ဖန်ကွဲစတွေကိုလက်နဲ့အမြန်ကောက်မိတော့သည်။"ဟို.....တောင်းပန်ပါတယ် ကျတော်လက်ထဲကလွတ်ကျသွား -အ့...."
"Yong Bok....."
"သား.....မင်းရဲ့Noonaကို အခန်းလိုက်ပြလိုက်ပါအုံး သမီးရဲ့မိဘတွေကပြန်မလိုက်လာသေးတော့ ဒီမှခဏနေလိမ်မယ် အခန်းကသားဘေးကအခန်းနော်"
"ဟို သမီးဘာသာပဲသွားလိုက်ပါ့မယ်အန်တီ"
"ဘယ်ဟုတ်မလဲ သမီးရယ်သားလိုက်ပို့ပေးမှာပေါ့ ဟဲ့သားလိုက်ပို့လိုက်လေ နောက်ပြီးစာဖတ်ခန်းထဲလာခဲ့သား Daddy နဲ့ Mommy စောင့်နေမယ် သမီးပါလိုက်ခဲ့နော်"
ဖန်ကွဲစလက်ကိုရှသွားတာကြောင့် သူ့နာမည်ကိုလှမ်းခေါ်လာတဲ့Hwangက အန်တီလေးအပြောကြောင့် အထုပ်ကိုဆွဲကာ အပေါ်ထပ်သို့ထိုမိန်းခလေးနှင့်အတူတက်သွားလေသည်။
"Lee Yong Bok နင်ဘာလုပ်နေတာလဲ သိမ်းစရာရှိတာသိမ်းလေ ဘာကိုလိုက်ကြည့်နေတာလဲ"
"ဟုတ်ကဲ့ပါ အန်တီလေး"
ခဏနေတော့ အောက်ကိုပြန်ဆင်းလာပြီး စာဖတ်ခန်းထဲကိုHwangတို့နှစ်ယောက်၀င်သွားလေသည်။သူ့ရင်ထဲအစိုးမရပူလောင်လာရသည်။အကယ်၍Hwangသာ လက်ထပ်ပွဲကိုလက်ခံလိုက်ရင်သူကရောဘယ်လိုမျိုးရှေ့ဆက်ရပါ့မလဲ။မဟုတ်တာHwangကသူ့ကိုသိပ်ချစ်တာပါ သူHwangကိုယုံရမည်။
အချိန်တော်တော်ကြာတော့မှ ထွက်လာတဲ့Hwangကြောင့် အပြေးသွားမဲ့ခြေလှမ်းတွေကရပ်တန့်သွားလေသည်။အခန်းထဲကအရင်ထွက်လာတဲ့Hwangနောက်ကနေ
Na Rin ကထွက်လာပြီး Hwang ရဲ့လက်မောင်းကိုငြင်သာစွာကိုင်လိုက်တာနဲ့ Hwang ကထိုမိန်းခလေးကိုတင်းကြပ်စွာဖတ်လိုက်လေသည်။တစ်ဖြည်းဖြည်းဝေဝါးလာတဲ့အမြင်နဲ့အတူ ပါးပြင်ပေါ်မှစိုစွတ်မှုကိုလဲခံစားလိုက်ရသည်။သူငိုနေလို့မဖြစ်ပါ သူ Hwang ကိုယုံပါတယ်။Hwang ကပြောဖူးသည် သူ့ကိုအရမ်းချစ်ပြီး နောက်ဆုံးထိလက်တွဲသွားပြီး ဘယ်လိုအခတ်ခဲတွေပဲကြုံကြုံ သူ့ကိုပဲရွေးမယ်လို့ပြောဖူးသည်။