(Unicode)
"ဖြစ်ပြန်ပြီ၊ တကယ်ပဲ ဒါကိုထပ်ကြုံရပြန်ပြီ"
မျက်ရည်ဆက်လက်ဖြင့် လီဆာ၊ မိမိရဲ့ ဖုန်းကို
စူးစူးစိုက်စိုက်ကြည့်နေရင်း မကုန်ခမ်းနိုင်တဲ့ ငွေ့ရည်တွေကိုသာ မျက်ဝန်းအိမ်မှ အခါခါ သွန်ချနေရ၏။'လမ်းခွဲရအောင် လီဆာ'
စာကြောင်းတစ်ခုတည်းကိုပဲ အထပ်ထပ်ပြန်ဖတ်ရင်း
အမှောင်ကြောက်တဲ့ ကလေးငယ်တစ်ယောက်ဟာ
ခပ်မှောင်မှောင် အခန်းငယ်တစ်ခုကို မချန်ခဲ့နိုင်စွာ
အသည်းသန် ငိုကြွေးခြင်း အမှုကိုသာ ပြုနေခဲ့တယ်။နာရီလက်တံတွေ တရွေ့ရွေ့ကုန်ဆုံးသွားလဲ
လီဆာ့မျက်ရည်တွေမှာ မကုန်ခမ်းနိုင်စွာရှိနေခဲ့လေရဲ့။ အလင်းရောင်ပျပျကို မြင်နေရပေမယ့်
ဒီနာကျင်စရာအခန်းငယ်ဆီမှ မလွတ်မြောက်နိုင်သေး။ ကျန်ရှိနေတဲ့ ယိုင်နဲ့နဲ့ အားလေးကိုသုံးကာ
ထရပ်လိုက်မိတယ်၊ နောက်ဆုံးအနေနဲ့ လီဆာမျှော်လင့်ချင်ပါသေးတယ်။ နာကျင်ရမယ်ဆိုရင်တောင်မှပေါ့။ဦးတည်ရာ ကတော့ အချစ်ရဆုံးသူဆီ ရစ်ဝဲကုန်ကြပြီ။ ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ ကျောပြင်သေးသေးလေးကို လီဆာ ဆွေးငင်စွာကြည့်နေမိတယ်။
"ရူဘီ.."
အားကုန်သုံးကာ လှမ်းအော်လိုက်ပေမယ့်လဲ လီဆာ့အသံဟာ ခပ်တိုးတိုးသာထွက်ပေါ်လာခဲ့တယ်။
လည်ချောင်းထဲမှ အသံကို ခက်ခဲစွာယူနေရတာ မယုံကြည်နိုင်ခြင်းတွေကြောင့် ဖြစ်လိမ့်မည်။"ရူဘီ..."
သက်ဆိုင်သူမှာ လီဆာ့ရဲ့ အပ်ကွဲနေတဲ့အသံငယ်ကို
တစွန်းတစ ကြားဟန်တူပါရဲ့။
ခြေလှမ်းတွေမှာ ရပ်တန့်သွားကာ နောက်သို့ ဖြေးညှင်းစွာလှည့်ကြည့်လာ၏။ လီဆာ့စိတ်ကူးသာမှန်ခဲ့မယ်ဆို ထိုမျက်ဝန်းတွေမှာလည်း အဆွေးဓာတ်ကိုခံစားနေရပါသည်။"လီဆာ.."
ပန်းနုရောင်သမ်းနေတဲ့နှုတ်ခမ်းဖျားမှ ထိုနာမ်စားကို ကြားရချိန်တိုင်း လီဆာ့ရဲ့ ဘယ်ဘက်ရင်အုံက
ထိန်းမရသိမ်းမရပဲ။လှတယ်။မိုးပြာရောင် ဝမ်းဆက်နဲ့
ရူဘီဂျိန်းကင်မ်က သိပ်လှတယ်။
ကောင်းကင်ကြီးက လီဆာ့အပိုင်ဖြစ်သွားသလို
ခံစားချက်မျိုးတွေကို ရူဘီဂျိန်းကင်မ်က
ပေးစွမ်းနိုင်တယ်။ကောင်းကင်နဲ့တူတဲ့ ဂျိန်းကင်မ်။
YOU ARE READING
စိတ်ကူးတိမ်စိုင်ငယ်
Fanfictionရင်မှ ဖြစ်သော မည်သည်ကား ချစ်ခြင်းဖြင့် ဖွဲ့သီရာ အနုပညာတည်း။ ဝတ္ထုအတိုလေးတွေ သီးသန့် ရေးသွားမယ့် fiction တစ်ခုမို့ မနှစ်သက်ပါက အလွယ်တကူကျော်လိုက်နိုင်ပါတယ်။