(Unicode)
'ကလင် ကလင် ကလင်'
စက်ဘီးတစ်စီးဖြတ်ပြေးသွားတဲ့ ဒီလမ်းကြားငယ်လေးထဲမှာ တစ်ချို့သောလူတွေလှုပ်ရှားသွားလာနေကြ၏။ သူမ ခြေလှမ်းတွေဟာ တက်ကြွစွာပင်။
မျက်နှာထက်မှာအပြုံးတစ်ပွင့်နှင့်အတူ ရွှေအိုရောင် ကျစ်ဆံမြီးစည်းထားသည့် ဆံနွယ်တွေမှာ လေနဲ့အတူ
လူးလွန့်နေကြလေတယ်။'ချလွင်'
သူမ လက်ကိုင်တံခါးကိုတွန်းကာ ဖွင့်လိုက်သည်နှင့်
အသင့်ချိတ်ဆွဲထားတဲ့ ခြူးသီးလေးတွေမှ အသံများ ညံသွားကြ၏။ဆိုင်ထဲကို ဝင်ဝင်ချင်း သူမ မျက်လုံးများကိုကစားလိုက်တော့၊ ဟော တွေ့ပါပြီ သူမရဲ့ တိမ်ကလေး။
ဧည့်သည်ကို သေချာရှင်းပြနေတဲ့ ဟန်ပန်က သူမကို
ညို့ယူသွားလိုက်တာများ...။တိမ်ကလေး။ တွေ့မြင်မိတိုင်း ငေးသွားရတဲ့
တိမ်စိုင်ကလေး။ ထိုင်နေကျ ခုံတန်းလေးမှာဝင်ထိုင်ရင်း အရှေ့က ပန်းအိုးလေးလှမ်းကိုင်လိုက်ပေမယ့်
အကြည့်တွေကတော့ ခပ်လှမ်းလှမ်းဆီမှာပင်။'Nirvana' ဆိုတဲ့ ဒီဆိုင်လေးထဲမှာ ပန်းပင်တွေရယ်၊ အပင်နဲ့ဆိုင်တဲ့ တခြား accessoriesတွေဟာ ပြည့်နှက်နေသလို မိန်းကလေးများနဲ့ ချစ်သူစုံတွဲတွေအများစု သဘောကျစရာနေရာတစ်ခုလို့ဆိုရမည်။
ကိုယ်တိုင် ပန်းပင်တွေပြုစုရင်း အချိန်ကုန်ဆုံးနိုင်သလို၊ bouquet ကိုယ်တိုင်လုပ်နိုင်တဲ့ နေရာတစ်ခုဖြစ်လေ၏။ ဆိုင်တွင်းတွင် ချစ်သူ၊စုံတွဲတွေကို များစွာ တွေ့နိုင်သေးသည်။
သူမ ဆိုင်ကိုရောက်တော့ လူတွေနဲ့ ရှုပ်နေတဲ့ကြားမှာ တစ်စုံတစ်ယောက်ကတော့ အပြုံးတွေနဲ့ တောက်ပနေလေတယ်။ အပြုံးတွေသာ ဆေးဝါးဆို တစ်နေ့တာပင်ပန်းမှုတွေ ပြေပျောက်ဖို့ သူမကတော့ Nirvanaဆီ ရောက်နေလိမ့်ဦးမည်။
ပန်းအိုးတွေဆီလျှောက်သွားရင်း အဝါရောင် ဒေစီတွေထည့်ထားတဲ့ ပန်းအိုးအဖြူလေးကိုကြည့်ရင်း ပြုံးနေမိတယ်။ လှလိုက်တဲ့ ဒေစီတွေရယ်..။
"ဒေစီ ကိုသဘောကျတယ်ထင်တယ်"
အနားကိုကပ်လာတဲ့ အသံတစ်ခုကြောင့် နောက်သို့
ခြေတစ်လှမ်းဆုတ်ကာ ကိုယ်ကိုကျုံ့လိုက်မိတော့ အားနာစွာပြုံးပြလေ၏။
YOU ARE READING
စိတ်ကူးတိမ်စိုင်ငယ်
Fanfictionရင်မှ ဖြစ်သော မည်သည်ကား ချစ်ခြင်းဖြင့် ဖွဲ့သီရာ အနုပညာတည်း။ ဝတ္ထုအတိုလေးတွေ သီးသန့် ရေးသွားမယ့် fiction တစ်ခုမို့ မနှစ်သက်ပါက အလွယ်တကူကျော်လိုက်နိုင်ပါတယ်။