(Unicode)
တိတ်ဆိတ်တဲ့ရပ်ဝန်းတွေမှာ လေထုကပိုအေးစက်နေခဲ့တယ်။ မနှစ်မြို့ခြင်းတွေသာ ရှိမနေခဲ့ရင် အဲ့နေ့က ရာသီဥတုဟာ တကယ်ကိုသာယာနေခဲ့ပါတယ်။
"ဘာလို့လဲ"
"ဘာကိုလဲ"
"ငါတို့ကြားမှာ ပြတ်စရာအကြောင်းဘာရှိလို့လဲ ဘာမဟုတ်တာလေးနဲ့ ပြတ်လိုက်ရမှာလား ကင်မ်"
"ရှိတယ်"
ပြတ်သားတဲ့စကားတွေဟာ ရင်ကို အပြတ်ပြတ်ကွဲရှရပါတယ်။
"ဘာရှိတာလဲ"
"နောက်တော့သိလာလိမ့်မယ်"
"ဘာလဲ မချစ်တော့ပြန်ဘူးလား"
ကင်မ်က ခေါင်းကို ဆတ်ဆတ်ညိတ်ပြတယ်။
နောက်တစ်ကြိမ်ဆိုတဲ့ ထပ်ခါထပ်ခါ ခံစားမှုတွေမှာ
အသားကျနေခဲ့ပုံရတယ်၊ နှလုံးသားကနာကျင်နေတာတောင် မျက်ရည်စတွေ ကင်းစင်နေပုံများ။"နင်ငါ့ကိုမယုံဘူးမလား ချယ်"
ကင့်မ်ရဲ့ မျက်ခွံပေါ်က မှဲ့ကလေးကို ချယ်ငေးနေမိတယ်။ ကင်မ်ကသိပ်လှတဲ့မိန်းမပါ။ လှတဲ့ပန်းတွေဟာ ဆူးပေါမှန်းသိပေမယ့် ချစ်တဲ့စိတ်နဲ့ ဆုပ်ကိုင်မိတာမို့ ဆူးဆိပ်တက်လဲ ချယ်ကတော့ မလွှတ်ချလိုပါ။
"ဟုတ်တယ် ငါ ကင့်မ်ကိုမယုံဘူး"
ကင်မ်က အဲ့ဒါပဲလေ ဆိုတဲ့ပုံစံနဲ့ မေးငေါ့ပြလာတယ်။
ချယ့်ပါးပြင်မှာမျက်ရည်မရှိ နှလုံးသွေးတွေသာရှိလိမ့်မယ်။"ကင်မ်၊ နင်က ငါ့ကိုယုံပါ၊ ယုံပါ ဆိုတဲ့စကားကို ပါးစပ်ဖျားမှာထားတယ်။ ပြီးရင် ယုံစေမယ့် လုပ်ရပ်တွေကိုတော့ နင်မလုပ်ပြဘူးလေ၊ မလုပ်ပြခဲ့ဘူးကင်မ်ဂျန် ရဲ့။ ငါစိတ်ခုစေမယ့်အရာ၊ ငါ့ကိုသံသယဝင်စေမယ့် လုပ်ရပ်တွေကိုပဲ နင်အမြဲဦးတည်နေခဲ့တာ"
ကင်မ် ကချယ့်ကိုစူးရဲစွာကြည့်နေခဲ့တယ်။
ဘယ်သူကမှားတယ်မှန်တယ်ဆိုတာထက်
ချယ်တို့နှစ်ယောက်လုံးဟာ ကိုယ်စီ အမှန်လို့ သတ်မှတ်ထားကြပုံပင်။"ငါ့ကိုထားခဲ့လိုက်တော့"
အေးစက်စက် ဒီစကားဟာ ချယ့်ရင်ကိုတုန်လှုပ်စေခဲ့တယ်။ ဒီမိန်းမက ချယ့်ကိုလက်လွှတ်ဖို့ဆို သိပ်ကို
လွယ်ကူနေခဲ့တာ။
YOU ARE READING
စိတ်ကူးတိမ်စိုင်ငယ်
Hayran Kurguရင်မှ ဖြစ်သော မည်သည်ကား ချစ်ခြင်းဖြင့် ဖွဲ့သီရာ အနုပညာတည်း။ ဝတ္ထုအတိုလေးတွေ သီးသန့် ရေးသွားမယ့် fiction တစ်ခုမို့ မနှစ်သက်ပါက အလွယ်တကူကျော်လိုက်နိုင်ပါတယ်။