Him & I (Verkwan)

668 65 41
                                    

" ချွဲဟန်ဆိုး!! "

Dream Cafe မှာ Ice americano ဝင်ဝယ်မလို့လုပ်နေတုန်း နာမည်အော်ခေါ်သံကြားလို့ လှည့်ကြည့်မိတော့ Kwan ပင်။
အဲ့ဟာလေးလည်းလေ လူကြားသူကြားမရှောင် အော်ခေါ်နေတော့တာပဲ။ ဒါပေမဲ့လည်း ချစ်စရာလေးပါလေ။

" ခေါ်နေတာပြန်မထူးဘဲ ဘာတွေတွေးပြီး ပြုံးနေတာတုန်း "

" ဘာမှမဟုတ်ပါဘူးကွာ "

" သေချာလို့လား ဘယ်ကောင်မလေးအကြောင်းတွေးနေတာလဲ "

မျက်နှာနားကပ်လာကာ အတင်းမေးနေတဲ့ Boo Seungkwan ကလေ သူ့အန္တရာယ်သူမသိတာလား။ အရမ်းပဲရဲတင်းလွန်းနေတာလား။ ဖက်နမ်းလိုက်ရင်လည်း ရွှေစိတ်တော်ညိုးမှာ ကြောက်ရတာကြောင့် နှဖူးလေးကိုခပ်ဖွဖွတောက်ပြီး မျက်နှာချင်းခွါလိုက်ရသည်။
နှုတ်ခမ်းဖူးဖူးလေးကို ထိတွေ့ချင်ပေမယ့် သူတို့ကသူငယ်ချင်းတွေ...
သဘောမကျပေမယ့် သူငယ်ချင်းအဖြစ် အနားမှာနေနေရလည်း ဖြစ်ပါတယ်လေ။

" ပေါက်ကရတွေပြောပြန်ပြီ.. ငါ့အနားမှာမင်းဘယ်တုန်းက ကောင်မလေးတွေမြင်ဖူးလို့လဲ "

" ဒါလည်းဟုတ်တာပဲ မင်းကစွံမယ့်ပုံမပေါ်ဘူး "

တွေးဆဆပြောလာတဲ့ပုံလေးကို အသည်းယားပေမယ့် အဲ့လိုကြီးပြောလိုက်တော့ နင်သွားရသည်။ ဘယ်လိုတောင်ပြောချလိုက်တာလဲ သူအံ့သြလို့မဆုံး..။
ဘာမှဆက်မပြောတော့ဘဲ လက်ကနေဆွဲကာ Cafe ထဲခေါ်ချလာလိုက်တော့သည်။ တိုက်ဆိုင်မှုကြီးကလည်း အရမ်းပဲ..။ ဘာကိစ္စ Yoon Jeonghan နဲ့ Hong Jisoo က ဒီဆိုင်မှာလာထိုင်နေရတာလဲ။ ချစ်ကြည်နူး တစ်တီတူးနေတာ မမြင်ချင်လို့ပါဆိုနေ..။

" Yo! Bro "

မမြင်သလိုနေပြီး စားစရာမှာနေတုန်း Hong Jisoo ရဲ့ ခေါ်သံကြောင့်မကြည့်ဘဲနေလို့ မရတော့ပေ။ သူကတောင် နောက်လှည့်မကြည့်ရသေးပေမယ့် Kwannie ကတော့ Jeonghan hyung ရဲ့နာမည်ကိုသံရှည်ဆွဲခေါ်ကာ လုံးလုံး, လုံးလုံးနဲ့ပြေးသွား၏။

" မပြေးနဲ့လေ Kwan ချော်လဲရင်မထူဘူးနော် "

သူ့ဘက်ကစနောက်ရင်းပြောတော့ Kwan ကမျက်စောင်းခပ်ရေးရေးထိုးရင် နှုတ်ခမ်းဆူထွက်လာကာ သုန်မှုန်သွား၏။ သူလေးတစ်ယောက် ရွှေစိတ်တော်ညိုးမှာ စိုးရိမ်လွန်းတဲ့ ကျွန်တော်မျိုးကပဲ မလိုလည်းချော့ လိုလည်းချော့ကာ.. အခုလည်းချော့ဖို့ရာ သူ့လက်ထဲက Ice Amaricano ကို ချပေးလိုက်တော့ မျက်လုံးလှန်ကြည့်လာကာ ဘာမှမပြောဘဲ ယူသောက်နေပြန်သည်။

You've reached the end of published parts.

⏰ Last updated: Jan 03 ⏰

Add this story to your Library to get notified about new parts!

SEVENTEEN One shotWhere stories live. Discover now