I can't let you go (Jihan)

1.2K 48 6
                                    

" Han မင်းအခုလိုဆက်လုပ်နေဉီးမှာလားကွာ "

အခန်းထောင့်တစ်နေရာမှာ ဂီတာအပြာရောင်လေးကို ပိုက်ကာငိုကြွေးနေတဲ့ကောင်ငယ်လေးတစ်ယောက်
သူ့နာမည်က Joshua Hong တဲ့ ။
ရုပ်ရည်ရူပကာ ငွေကြေး အတန်းပညာ အရာရာပြည့်စုံတဲ့ကောင်လေးဟာ သူချစ်ရသူကြောင့် အိမ်ကိုဆန့်ကျင်ပြီး ကိုယ့်ဒူးကိုယ်ချွန်ခဲ့သူ ၊ စီးပွားရေးမှာ အလွန်မြင့်မားနေပြီ မဟုတ်သော်ငြား အောင်မြင်မှုတွေရရှိလာပြီတဲ့လေ။ ဒါတွေဟာ သူချစ်ရသူအတွက် ကြိုးစားခဲ့သည့်အရာတွေချည်းပါပဲ ပြည့်စုံနေချိန်နီးကပ်လာတော့ သိပ်ချစ်ပါတယ်ပြောခဲ့ဖူးတဲ့နှုတ်ခမ်းပါးလေးဟာ လိမ်လည်တတ်လာခဲ့လေပြီ။

အလုပ်ကိစ္စပါဆိုပြီး ထွက်ထွက်သွားတတ်တဲ့အချိန်တွေ၊ ကောင်မလေးတစ်ယောက်နဲ့အတူတွဲတွေ့လေတိုင်း အလုပ်ကအသိပါဆိုတဲ့စကားတွေ အမြဲယုံကြည်ခဲ့ပါသော်ငြား မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရသည်နှင့် ထိုယုံကြည်မှုတွေအကုန်ပျက်စီးသွားရသည်။

" Hannie မင်းကသိပ်ရက်စက်တာပဲ "

လက်နှစ်ဖက်နှင့်မျက်နှာကိုဖွက်ကာ ငိုနေချိန်ပွင့်လာသည့် အိပ်ခန်းတံခါးသံ ၊ သူ့အနားကိုရောက်လာတဲ့ခြေသံဖွဖွလေး ၊ သူ့ကိုဖက်လိုက်တဲ့ရင်ခွင်ငယ်နှင့်အတူ စတော်ဘယ်ရီနံ့သင်းသင်းလေး။

' ဘယ်လိုလုပ်ရပါ့မလဲ Hannie ငါမင်းကိုလက်မလွှတ်ပေးနိုင်လောက်ဘူးထင်တယ် ' ဒါဟာ Hannie ကိုမော့ကြည့်မိချိန်မှာ သူ့စိတ်ထဲ တင်္ဒဂတွေးမိသွားတဲ့ အရာတစ်ခု။

" တောင်းပန်ပါတယ် Joshuji ငါတကယ်...တကယ်တောင်းပန်တာပါ "

တော်ရုံမငိုတတ်လေသည့် Hannie ဟာငိုနေသည်တဲ့ ၊ ထိုမိန်းကလေးကြောင့်ပေပဲလား ။ သူ့ကိုအားနာ၍ပဲလား သူမတွေးနိုင်ပါ။ သူလုပ်ချင်တာသည် တစ်ခုထဲသာ ၊ Hannie သူ့အနားမှာ ဆက်ရှိဖို့ဖမ်းချုပ်ထားရမည်ဆိုလည်း ဖြစ်ပါသည်။ သတ်ပြစ်ဖို့တွေးကြည့်သော်လည်း မလုပ်ရက်နိုင်။ ဘယ်လောက်ပဲသစ္စာဖောက်ခဲ့သည်ဆိုပါစေဉီး Hannie ဟာသူ့ကိုသိပ်ချစ်ခဲ့သည် မဟုတ်ပါလော။

" Hannie ငါ့ကိုချစ်သေးလား "

နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ မေးကြည့်လိုက်သည်။ ချစ်သေးသည်ဆိုလျှင် Hannie ကို ယခုအတိုင်းလေး သူပျော်သလိုလွှတ်ပေးထားပါမည်။

SEVENTEEN One shotDonde viven las historias. Descúbrelo ahora