My Choice (Gyuhao)

719 58 19
                                    

" Myungho!!!! "

ကျယ်လောင်သောအော်ခေါ်သံနှင့်အတူ Myungho ရဲ့ ပခုံးပြင်ပေါ်ကိုကျရောက်လာတဲ့ သန်မာသောလက်တစ်စုံ ၊ အနီးကပ်လိုက်သည်နှင့်ရနိုင်သော ယောကျ်ားဆန်ဆန်ရေမွှေးနံ့ ၊ မင်းသားတစ်ပါးအလားထင်ရလောက်တဲ့ ရုပ်ရည်ရှိတဲ့သူ၊ Kim group ရဲ့ ဆက်ခံသူ!

အကုန်ပြစ်ချက်မရှိတဲ့သူက ဘာကြောင့်များ Myungho ကိုပဲတွယ်ကပ်နေပါလိမ့်? မေးရင်တော့အဖြေဟာတစ်မျိုးတည်းသာ ထွက်လာလိမ့်မည်။
သူဟာ Myungho ကိုစတွေ့စဉ်ထဲက ချစ်မိခဲ့ခြင်းပင်။

သူ့ရဲ့ပိုင်ဆိုးပိုင်နက်ဆန်သော အပြုအမူတွေကို Myungho သာသည်းခံနိုင်သည်။ Myungho ရဲ့အေးစက်စက်အမူအကျင့်တွေကိုလည်း သူကသာလက်ခံနိုင်သည်။ ဒါပေမဲ့ချစ်သူတွေဖြစ်ပြီလားဆိုရင် မဖြစ်သေးပါ။ ဘာကြောင့်လဲဆိုတော့ သူ့အိမ်ရဲ့ပြဿနာကြောင့်ပင်။ ဒိတ်ဒိတ်ကြဲ Kim group ရဲ့ဆက်ခံသူက ယောကျ်ားလေးတစ်ယောက်နဲ့ ချစ်ကြိုက်နေပါတယ် ဆိုတာသာပြန့်သွားခဲ့ရင် သူ့ထက် Myungho ထိခိုက်မည်ပင်။

Kim group...
Korea မှာသာမကဘဲ နိုင်ငံတကာမှာပါ အရှိန်အဟုန်ပြင်းပြင်းနဲ့ နာမည်ကောင်းတွေရထားတဲ့ Bussiness group တစ်ခုပင်။ ရင်းနှီးမြှုပ်နှံမှုတွေအတော်များများမှာလည်း အောင်မြင်မှုတွေပဲရခဲ့တာကြောင့် no.1 နေရာမှာရပ်တည်နေသည့် company တစ်ခုဖြစ်၏။ နာမည်အကြီးရဆုံးအကြောင်းရင်းတစ်ခုကတော့ Kim family ရဲ့ဒုတိယမြောက်သား Kim Mingyu ရဲ့အရည်အချင်းပင်။

အကြီးဆုံးအစ်ကို Kim Taehyung က Model လုပ်နေပြီး ညီအငယ်ဆုံး Kim Sunoo ကတော့ အနုပညာလောကထဲရောက်နေသည်။ ဆိုတော့ကား Bussiness လောကကို စိတ်ဝင်စားတာသူတစ်ယောက်ပဲရှိတာကြောင့် သူ့ကို Appa ကဆက်ခံသူမြှောက်ခြင်းပင်။ သူကလည်းထိုအလုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်တာကြောင့် အများကြီးသင်ပြစရာမလိုဘဲ အောင်မြင်စွာလုပ်နိုင်သည်။
ထိုလူမျိုးကသာ သူနှင့်လိင်တူတဲ့ အမျိုးသားတစ်ယောက်နဲ့ချစ်ကြိုက်နေပါတယ်ဆိုတာသာ Appa သိသွားရင် Myungho ကိုသတ်ပစ်လောက်မည်။ ဒီလိုမျိုးတော့ သူလုံးဝအဖြစ်မခံနိုင်ပါ။

Myungho ကတော့ တရုတ်ကနေပြောင်းလာပြီးအနေအထားတစ်ခုရှိတဲ့မိသားစုကပေမို့ Mingyu နဲ့သူကအခုလိုသူငယ်ချင်းဖြစ်ခွင့်ရတာပင်။ Appa ကသာမန်မိသားစုက ကလေးတွေကို Mingyu ကိုပေးမပေါင်းပါ။ သူမသိအောင် Mingyu ကခိုးပြီးသူငယ်ချင်းလုပ်ရင်တောင် Appa ကပြန်သိပြီး ထိုကလေးရဲ့မိသားစုတွေကို ခြိမ်းခြောက်တာကြောင့် Mingyu ထိုအချိန်ထဲကဘာမှမလုပ်ရဲတော့ခြင်းပင်။

SEVENTEEN One shotDonde viven las historias. Descúbrelo ahora