Enemy (Hoonharu)

160 14 6
                                    

"ချယ် ချယ်  ခေါင်မိုးပေါ်မှာ ဂျီဟွန်းတို့ရန်ဖြစ်နေတယ် အရမ်းအန္တရာယ်များတယ်"

"ဘာ! ဖြစ်ကြပြန်ပြီလား"

အတန်းပိုင်ဆရာမက လက်ထဲက ဖိုင်တစ်ချို့ကို ကမမ်းကတမ်းပစ်ချထားခဲ့ပြီး ခေါင်မိုးထပ်ကို ကလေးတွေနောက်ကနေပြေးလိုက်သွားလေသည်။ 

"ရပ်လိုက်စမ်း"

Blonde ရောင်ကောင်လေး ရင်ဘက်ပေါ်က တက်ခွထိုးနေတဲ့ ဂျီဟွန်းက ထိုအမိန်‌့ပေးသံလာရာဘက်ကို ကြည့်လေသည်။ 

ထိုအခါမှ အောက်ကခံနေရတဲ့ကောင်လေးက ဂျီဟွန်းကို ဆောင့်တွန်းလိုက်တော့သည်။ 

"တော်လိုက်ကြစမ်း နင်တို့"

"ချယ်!" ဂျီဟွန်းရဲ့ ကြောက်ကြောက်ရွံရွံခေါ်လိုက်သံက သူငယ်ချင်းတွေရော ချယ်ရောပါ ဂရုဏာမျက်လုံးတို့ဖြင့်။

"ကလေးတို့ ဟိုကောင်လေးကို သွားထူပေးလိုက်ကြပါဦး"

"ဟုတ်" 

ဂျီဟွန်းတို့ စီနီယာ တန်းခွဲ ဘီကကျောင်းသားတွေက အတန်းပိုင်နဲ့ သူငယ်ချင်းပေါင်း မိဘပေါင်းပေါင်းကြတာ။ အရမ်းလည်းစည်းလုံးကြပြီး အရမ်းချစ်ကြတဲ့ စံပြအတန်းပေါ့။ အခုလည်း ဂျ‌ီဟွန်းသူငယ်ချင်းတွေနဲ့ဆရာမက ဂျီဟွန်း မမှားဘူးဆိုတာ တစ်ထစ်ချယုံပေမဲ့ ဆရာမ‌အနေနဲ့ အမြဲ စိတ်လိုက်မာန်ပါလုပ်တက်တဲ့ သူ့တပည့်ကို သက်ပြင်းတချချဖြင့်ရှိလေသည်။ 

"ကဲလာ ဆရာပက်ဂျီဟွန်းရှီ ချယ်တို့ ရုံးခန်းကိုသွားလိုက်ကြဦးစို့ပေါ့"  ဆရာမလုပ်သူက ရွဲ့ကာ ဟန်ပန်နဲ့ပြောတော့ ဂျီဟွန်း ဝမ်းနည်းလာသည်။ အစော်ကားခံရတုန်းက ကျမလာတဲ့မျက်ရည်တွေက အခုမှကျတော့မလို။ 

ရုံးခန်းထဲကို ကပြားလို့ထင်ရတဲ့ ဖြူစုတ်စုတ်အသားနဲ့ အထက်စီးဆန်တဲ့ အမျိုးသမီးတစ်ယောက် ကျော့ကျော့မော့မော့ ဝင်လာသည်။ 

"ဘုရားရေ"

"ဒါဘာလုပ်နေကြတာလဲ ကျမသား ဒီလောက်ထိ ထိခိုက်နေတာကို ဆေးရုံကိုမပို့ဘဲ ဒီသောက်ရုံးခန်းထဲမှာ ဘာတွေကို ဆွေးနွေးနေကြတာလဲ"

"ဟို ကလေးကို ကျောင်းဆေးခန်းမှာ ဆေးထည့်ပေးပြီးပါပြီ သူကအဆင်ပြေတယ်ဆိုလို့ ဆေးရုံကိုမပို့ပေးခဲ့တာပါ မစ္စ ဒီမှာထိုင်ပါဦးဗျ"

Treasure//one shotWhere stories live. Discover now