ရှောင်းကျန့်နဲ့ ရိပေါ် ညစာအတူစားကာ အတူ အိပ်ကြသည်။
ရိပေါ်ရဲ့ လက်မောင်းပေါ်မှာ ရှောင်းကျန့် ငြိမ်ကာ နေသည်။
"ကျန့် အိပ်ပျော်သွားပြီလား"
"မအိပ်သေးဘူး..."
ရိပေါ် ရှောင်းကျန့် ရဲ့ နဖူးလေးကို ငုံ့ကာနမ်းလိုက်သည်။
"မွှ...ကျန့် ကိုချစ်တယ်..."
ရှောင်းကျန့် ပြုံးလိုက်မိကာ
"အင်းပါ သိပါတယ်..ဘာလို့ခဏခဏပြောနေရတာလဲ".
ရှောင်းကျန့် ရှက်ကာ မျက်နှာလေးနီလာသည်။ အရင်က ခံစားချက်ဆိုတာ မရှိခဲ့လို့ ရှက်တယ်ဆိုတာလည်းမရှိခဲ့ပေမယ့် အခုတော့မတူပါ။
"ကျန့် က ရှက်နေပြန်ပါပြီ...ငါ့ကိုမချစ်လို့လား"
ရှောင်းကျန့် ပိုလွန်းသူကို မျက်စောင်းထိုးလိုက်ရင်း
"ဝမ်ရိပေါ်...မင်းကို မချစ်မှတော့ မင်းနဲ့ အတူအိပ်နေမလား"
"ဟားဟား"
အူယားဖွယ်ပြောလာသူကြောင့် ဝမ်ရိပေါ် သဘောကျစွာရယ်မိပြန်တော့လဲ အဆူခံထိပြန်သည်
"ရယ်မနေနဲ့! အိပ်တော့ အလကားဖျားနေတဲ့ကောင် ပျောက်အုန်းမယ်သိလား စကားကလည်းများသေးတယ် တကယ်ပဲ"
"အင်းပါ အိပ်မှာပါ"
"အင်း ငါလည်းပင်ပန်းနေပြီ နားချင်ပြီ"
လက်မောင်းပေါ်မှာ ငြိမ်သက်လာသူလေးကိုငုံ့မိုးကာကြည့်မိပြီး သဘောတကျပြုံးမိပြန်သည်။
"အင်း...ကျန့် အိပ်တော့''
ရိပေါ် ရှောင်းကျန့် ကိုယ်လေးကို သိမ်းကျုံးကာရင်ထဲထည့်ထားကာဖတ်ထားလိုက်သည် ရှောင်းကျန့် လည်း ရိပေါ်ရဲ့ ရင်ခွင်ကျယ်ထဲ တိုးဝင်ကာ
"ရိပေါ် မင်းကိုယ်ကပူနေတုန်းပဲ...အဖျားမြန်မြန်ပျောက်မှ ဖြစ်မှာ''
"အရမ်းစိုးရိမ်နေတာလား...ပျောက်သွားမှာပါ...မင်းဂရုစိုက်ပေးရင် ခဏလေးနဲ့ ပျောက်သွားမှာ"
"အပြောကကောင်းသားနော်"
"ကျန့်"
"အင်း"
YOU ARE READING
Promise 💝(Complete)
FanfictionYiZhan fan fic လေးပါနော် စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပြီး AOB world ပုံစံလေးပါရှင့်