part13

627 31 0
                                    

Promise💝(13)

"ကျန့်ရေ...ကျန့်...ကျန့်..."

"ဘာလဲ ဘာလို့အော်နေတာလဲ"

ရှောင်းကျန့် အလုပ်ခန်းထဲကထွက်လာကာရိပေါ်ကို စိတ်မရှည်စွာမေးလိုက်သည်။

"ကျန့် ဆေးသောက်ရအုန်းမယ်လေ...ကိုယ်ဝန်အားဆေး"

ရှောင်းကျန့် စိတ်ရှုပ်စွာ ဆံပင်တွေကိုထိုးဖွလိုက်ပြီး

"အာ ငါသိပါတယ်...ခဏနေ သောက်လိုက်မယ်"

အူယားဖွယ် ကောင်လေးကို ဝမ်ရိပေါ် လက်ကနေ အသာဆါဲခေါ်လိုက်ရသည်။

"လာပါ ကျန့်ရာ အခုသောက်လိုက်လေ နော်''

"ဝမ်ရိပေါ် ငါဒီဇိုင်းဆွဲနေတာ နောက်လကျ အပြီးအပ်ရမှာ...မအားဘူး"

"ကျန့်ကလည်း ကွာ..လာပါ"

ရိပေါ် ရှောင်းကျန့် ကို အသာ ဆွဲခေါ်လာရတော့သည်။ ရှောင်းကျန့်လည်း မလိုက်ချင်လိုက်ချင်နဲ့ပါသွားရတော့သည်။

ရိပေါ် ပေးတဲ့ ဆေးကို သောက်ကာ ရှောင်းကျန့် မျက်စိမျက်နှာ ပျက်နေလေသည်။

"ကျန့် ဘာဖြစ်နေတာလဲ "

"ဪ ဆေးသောက်ရတာ ငါလေ...မင်းမှ မဟုတ်တာ ဘယ်လိုသိမှာလဲ''

"ကျန့် ပြောပြလေ"

"မနက်ပိုင်းလည်း ဆေးတွေသောက်ရတယ် နေ့လယ်ပိုင်းကလည်း ဆေးတွေသောက်ရတယ် ကိုယ်ဝန်အားဆေးတွေကလည်းစုံစိနေရောပဲ ညဘက်ကျပြန်တော့ဆေးရုံကပေးတဲ့ ဆဲလ်ပြောင်းဆေးတွေသောက်ရပြန်တယ်...ငါစိတ်တွေညစ်လာပြီ"

"ကျန့်ကလည်း...ဆဲလ်ပြောင်းဆေးတွေက ကျန့် ကျန်းမာရေးအတွက်သောက်ရတာလေနော်...ကိုယ်ဝန်အားဆေးက ကိုယ့်တို့သားလေး ကျန်းမာအောင် သောက်ရတာလေ...သည်းခံပါနော်"

ရိပေါ် ရှောင်းကျန့် ကို.ချော့မော့ကာ ပြောနေရသည်။ ကိုယ်ဝန်က တစ်လသာရှိသေးသည်။ စိတ်မချရသည်မို့ဆေးရုံကပေးသမျှဆေးတွေကို ရှောင်းကျန့် သောက်နေရသည်။ ဝမ်ရိပေါ်ကလဲ မျက်စိအောက်က တစက်မှအပျောက်မခံ။

ဝမ်ရိပေါ်ကလည်းကလေးအဖေဖြစ်တော့မှာမို့ ရင့်ကျက်လာသည်ထင်ပါရဲ့....ရှောင်းကျန့် ကိုလည်းဂရုစိုက်သလို ဆေးသောက်ချိန် အစာစားချိန်ကအစလိုက်ကြည့်ပေးတတ်သည်။ ရှောင်းကျန့် ကို ပင်ပန်းသည့်အလုပ်များလည်းမခိုင်းတော့ပါ။

Promise 💝(Complete)Tempat cerita menjadi hidup. Temukan sekarang