part4

649 25 1
                                    

Promise💝 (Ep4)

"ရိပေါ်... ဝမ်ရိပေါ်...ဝမ်ရိပေါ်"

ရှောင်းကျန့် ကုမ္ပဏီက ပြန်လာတော့
ရိပေါ်ကို အိမ်အောက်ထပ်မှာမတွေ့ အော်ခေါ်ကြည့်တော့လည်း မထူး အပြင်များထွက်သွားသလားမသိ ဟုတွေးလိုက်မိသည်

"ဝမ်ရိပေါ်...ဘယ်ရောက်သွားတာပါလိမ့်..."

ရှောင်းကျန့် အိမ်ပေါ်ကို တက်၍ ရှာသည် အခန်းထဲကို အရင်သွားကြည့်သည်

တွေ့ပါပြီ ကုတင်ပေါ်မှာစောင်ခြုံကာ ကွေးနေတဲ့ ရိပေါ်

"ရိပေါ် မင်းရှိလျက်နဲ့ ဘာလို့ပြန်မထူးတာလဲ..."

ရှောင်းကျန့် မေးနေတာ ရိပေါ် ပြန်မဖြေ
ရှောင်းကျန့် လည်း စိတ်မရှည်တာနဲ့ စောင်ကို ဆွဲချကာ ကြည့်လိုက်သည် နေမကောင်းလို့လား

"ရိပေါ်! ဟမ် မင်းဘာဖြစ်နေတာလဲ"

"ရှောင်း..ကျန့်..ငါ Rut ဖြစ်နေပြီ ထင်တယ်..ဟာ့."

(Rut ဆိုတာက Alpha တစ်ယောက်ရဲ့ လိင်ဆက်ဆံချင်တဲ့စိတ်ပြင်းပြလာတဲ့ကာလ လို့ပြောရမယ် Alpha တွေ Rut ဖြစ်ရင် ပရိုမုန်းနံထုတ်နိုင်တဲ့ Omega တွေနဲ့ အိပ်မှ အဆင်ပြေမှာမျိုးပါ Rut ကြောင့် စိတ်လွတ်သွားပြီးအရမ်းကြမ်းတာမျိုးလည်းရှိပါတယ်🌚အနည်းဆုံး သုံးလေးရက် အများဆုံး တစ်ပတ်နှစ်ပတ် တစ်လလောက် sex လုပ်နေရပါလိမ့်မယ်)

"ဘယ်လို!"

ရှောင်းကျန့် လန့်ဖြန့်သွားသည် ရိပေါ် နဲ့ လက်ထပ်ထားပြီး အတူနေနေပေမယ့် ရိပေါ်ရဲ့ Rut ဖြစ်တာကို ရှောင်းကျန့် မကြုံဘူးပါ ဒါက ရိပေါ်ရဲ့ ပထမဆုံး Rut ဖြစ်လိမ့်မည် Alpha တစ်ယောက်အနေနဲ့ Rut ဖြစ်တာဟာ လူပျိုအရွယ် ဆယ်ကျော်သက်အရွယ်လောက် ကတည်းက ဖြစ်သင့်တာ မှန်ပေမယ့် ရိပေါ်က နောက်ကျမှ Rut ဖြစ်တာမျိုးဖြစ်သည်

"ရှောင်းကျန့်... ငါ နေရခက်တယ်"

"ဟမ် ငါ..ငါ..ရိပေါ် ဘယ်လိုလုပ်ကြမလဲ...ငါတို့ ဘယ်လို"
(ငါက Omega မဟုတ်ဘူးလေ)

"ရှောင်းကျန့် ..ကျန့်..ငါ့ကို လာကူပေး..."

ရှောင်းကျန့် ခေါင်းခါမိသည်။ သူက omega မှမဟုတ်တာ!

Promise 💝(Complete)Onde histórias criam vida. Descubra agora