💚1💚

7 1 2
                                    

ချစ်ခြင်းဆိုတာ ကဗျာဆန်တယ်
လှပလွန်းတယ်တဲ့

လူတစ်ယောက်နဲ့တစ်ယောက်ဟာ
ရေစက်ပါရင် တွေ့ကြရပြီး
ရေစက်ကုန်ရင်
မုန်းတယ်တောင် ပြောခွင့်မသာဘဲ
ဝေးကြရတာပါပဲ။

ရေစက်ကြောင့်ပဲ ဆုံဆုံ
ဝဋ်ကြွေးကြောင့်ပဲတွေ့တွေ့
ကံကုန်လို့ ဝေးကြရရင်တောင်
အပြုံးနဲ့ပဲ လမ်းခွဲချင်သူမို့

တွေ့တုန်း ဆုံတုန်း ကြုံတုန်းမှာ
လုံလောက်အောင် ချစ်ပေးချင်တယ်။

ကိုယ့်ကြောင့် သူ့မှာ မပျော်ရရင်တောင်
ကိုယ့်အတွက်နဲ့တော့ ဝမ်းမနည်းစေချင်ဘူး။

တတ်စွမ်းသမျှ ချစ်ပေးမှာမို့
ရေစက်ကုန်လို့ လမ်းတွေမတူတဲ့အခါ
ကိုယ်တို့တွေ လိပ်ပြာသန့်စွာ ပြုံးနိုင်မှာပါ။

#ZaueNge_ဇူးငယ်

ချစ်ခွင့်ရတုန်းလေး ချစ်ကြရအောင်Where stories live. Discover now