ချစ်သောရေ
ကိုယ့်ရဲ့အဝေးမှာမို့ ကျန်းမာရေးရော
အစစအရာရာ ဂရုစိုက်စေချင်မိတယ်။နီးတဲ့ခရီးမဟုတ်လေတော့
တခုခုဆို စိတ်ကလွဲပြီး
လူကိုယ်တိုင် ရောက်မလာနိုင်သေးတဲ့
အလွမ်းရက်စွဲတွေကြား
မနဲရှင်သန်နေရသူမို့
ကြားရသမျှ မင်းသတင်းတိုင်း
ကောင်းစေချင်တယ်။ကျန်းမာရေး ဂရုစိုက်ပေးပါ။
ကိုယ့်ကိုကိုယ် ချစ်ပါ။
ကိုယ် အဆုံးရှုံးမခံနိုင်တဲ့လူသားလေးမို့
တန်ဖိုးထားစောင့်ရှောက်ထားပေးပါ။
နီးတဲ့နေ့ကျ မင်းကိုအဆတရာ
ဂရုစိုက်ပေးမဲ့ ကိုယ့်ကိုလဲ
အရင်ကထက် ပိုချစ်ပေးပါ။ZaueNge_ဇူးငယ်
YOU ARE READING
ချစ်ခွင့်ရတုန်းလေး ချစ်ကြရအောင်
Poetryကဗျာတိုလေးတွေပါ။ ကြိုက်ကြမယ်လို့ မျှော်လင့်မိပါတယ်။ ZaueNge_ဇူးငယ်