အပိုင်း ~ ၁

35 1 0
                                    

Unicode ver......

ထန်နိုင်ငံရဲ့ ကုန်းထန် ပြည်မကြီး~~~

စည်ကားလွန်းတဲ့ ကုန်းထန်မှာ ပြည်သူပြည်သားတွေက ပျားပန်းခတ်လှုပ်ရှားသွားလာနေလေသည်။ မြို့တော်ရဲ့ စျေးမှာ ပွဲတော်လုပ်နေသည့့်အလား လူတွေက စည်စည်ကားကားရှိလှပါသည်။ ထိုအထဲမှာမှ တစ်ယောက်ယောက်ကို လိုက်ရှာနေဟန်ရတဲ့ လူတစ်စုက ဟိုဟိုဒီဒီ ပတ်ရှာနေကြလေသည်။

"သခင်လေး!!"

"သခင်လေး ဝူ!"

"သခင်လေး ဝူ ခင်မျ! ကျွန်တော်တို့ကို သနားသောအားဖြင့် ထွက်လာပါဗျ!"

"သခင်လေး!"

လူအများကြား အော်ဟစ်နေတဲ့ အစေအပါးတွေဟာ တကယ်စင်စစ်မှာတော့ သူတို့ရဲ့ သခင်ငယ်လေးဝူ ဆိုတဲ့ လူကို  လိုက်ရှာနေကြခြင်းဖြစ်သည်။

သခင်လေးဆိုပြီး ၄နှစ် ၅နှစ် ခလေးငယ်တစ်ယောက်လို့ ထင်နေကြမလား။ တကယ်တော့ သခင်လေးဝူက အသက် ၁၅နှစ်ပြည့်ပြီဖြစ်တဲ့ လူပျိုပေါက်လေးတစ်ယောက်ပင် ဖြစ်သည်။

အမြဲတမ်း အငြိမ်မနေတဲ့ သူတို့ရဲ့ သခင်လေးက တက်ကြွလန်းဆန်းတယ်ခေါ်ရမလား ဒါမှ မဟုတ် စပ်စလူးထတယ် ပြောရမလား မသိစွာပဲ အစေအပါးတွေ ခဏခဏ လမ်းပျောက်ရပါသည်။

ပျော်ပျော်လေးပဲ နေတတ်တဲ့ သခင်လေးဟာ တကယ်တော့ မစေ့စပ်ချင်လို့ ပတ်ပြေးနေတဲ့ မင်းသားငယ်လေး ဖြစ်မှန်းကိုတော့ ဘယ်သူမှ မသိခဲ့ပေ။

စျေးထဲမှာတွေ့သမျှ အရာရာကို လိုက်စပ်စုနေတဲ့ လူငယ်လေးတစ်ယောက်ရှိသည်။ ရုပ်ပြင်ရူပက တောင့်ဖြောင့်ပြီး မျက်နှာထက်မှာတော့ နေတစ်စင်းလို အပြုံးမျိုး တပ်ဆင်ထားသေးသည်။

ဟုတ်ပါရဲ့ ဒီသခင်လေးရဲ့ အပြုံးက ဤလောက်မျှ တောက်ပနေခဲ့တာပါ။ အပူအပြင် ကင်းရှင်းလိုက်ပုံများ တကယ့့်ကို အေးအေးချမ်းချမ်းလေး။

"လောင်ပန် ဒီဆံထိုးလေးက ဘယ်လောက်လဲ"

ချယ်ရီနှစ်ပွင့်ပုံပါတဲ့ သစ်သားဆံထိုး ရိုးရိုးလေးကို မျက်စိကျသွားဟန် လူငယ်လေးက ထိုဆံထိုးကို ဆွဲယူလို့ စျေးကို မေးလေသည်။

WISHWhere stories live. Discover now