အပိုင်း ~ ၃

12 1 1
                                    

Unicode ver.....

"ခမည်းတော် သားတော်ရဲ့ လက်ရေး ဘယ်လိုလဲ"

"ဟင့်အင်း ခမည်းတော်နော် သမီးတော်လက်ရာကို အရင်ကြည့်ပေး"

"ခမည်းတော် သမီးတော်လက်ရာကော ကြည့်ပေး"

သူတို့ဖခင်အနားကို သူ့ထက်ငါလို ချည်းကပ်ချင်နေကြတဲ့ မင်းသားမင်းသမီးတွေက အစုလိုက်မို့ သူများလို အဝတ်အစား သိပ်မတောက်ပြောင်တဲ့ မင်းသားလေးတစ်ပါးက သူရေးထားတဲ့ ကဗျာစာရွက်လေးကို လက်ထဲမှာ ကျစ်ကျစ်ဆုပ်ကိုင်လို့ တွန်းတိုက်မှုတွေကြောင့် အနောက်သို့ တဖြေးဖြေးရောက်သွားလေသည်။

သားသမီးတွေကြား ရယ်မောနေတဲ့ ဖခင်ဖြစ်သူကို ကြည့်ရင်း ထိုမင်းသားငယ်လေးရဲ့ မျက်ဝန်းလှလှတွေထဲမှာ အားကျခြင်းတွေ နာကျင်ခြင်းတွေ မရေရာခြင်းတွေ စုပြုံလာလေသည်။

အားကျခြင်းလို့ နားထောင်ကောင်းအောင် ခေါင်းစဥ်တပ်မလား မနာလိုခြင်းလို့ နားကြားဆိုးအောင်  ခေါင်းစဥ်တပ်မလားဆိုတာကတော့ ကြည့်ရှု့သူအ​ပေါ်မှာသာ မူတည်ပါသည်။

ထိုအချိန်မှာပဲ လက်ထဲမှာတင် ကြေမွတော့မတတ် ဆုပ်ကိုင်ခံထားရတဲ့ စာရွက်လေးဟာ တစ်ယောက်ယောက်ရဲ့ အသာဆွဲယူခြင်းကို ခံရတာကြောင့် စာရွက်လေး ကြေမွမသွားခဲ့ရပေ။

ညီငယ်လေးက ငွေ့ရည်ဖွဲ့နေတဲ့ မျက်ဝန်းကလေးနဲ့ မော့ကြည့်တော့ အစ်ကို ဖြစ်သူက ပြုံးလို့ ခလေးငယ်ရဲ့ ခေါင်းကို အသာအယာပွတ်ပေးလေသည်။

"ခမည်းတော် ကို သားတော် ဂါရဝ ပြုပါတယ်"

"အိမ်ရှေ့စံရောက်လာပြီလား။ လာပါအုံး ခမည်းတော် အနားကို"

"ဟုတ်ကဲ့"

ဒုတိယမင်းသား ဖြစ်နေပေမဲ့ အိမ်ရှေ့စံအဖြစ် လျာထားခြင်းခံရတဲ့ ချန်ရှောင်းကျန့်ဆိုတဲ့ မင်းသား၁ကို အားလုံးက ချစ်ကြောက်ရိုသေကြလေသည်။ ဒါကြောင့်မို့ သူရောက်လာပြီဆိုတာနဲ့ အားလုံးက နေရာဖယ်​ပေး​ကြလေသည်။

အိမ်ရှေ့စံက ခုဏက ကြေမွတော့မလို ဖြစ်နေတဲ့ စာရွက်လေးကို သူကိုင်လာတဲ့ စာရွက်ပေါ် မသိမသာထပ်လိုက်ပြီး သူ့ခမည်းတော်ဆီ သွားလိုက်လေသည်။

You've reached the end of published parts.

⏰ Last updated: Sep 07, 2023 ⏰

Add this story to your Library to get notified about new parts!

WISHWhere stories live. Discover now