'အချစ်ဆိုတဲ့အရာက ၇နှစ်လောက်လည်ပင်းဖက်ပေါင်းလာတဲ့သူငယ်ချင်းကောင်ကပါးနမ်းလိုက်တာနဲ့လည်းစတင်တတ်သည်'
''မွ!''
''ဟေ့ကောင် ဘာတုန်း''
''ဂိမ်းနိုင်လာလို့''
ဂွန်းဝုပါးအားတစ်ချက်နမ်းပြီးသူ့ဘေးကဆိုဖာမှာပူးကပ်လာထိုင်နေတဲ့ကောင်ကြီးကြောင့်ဂွန်းဝုပါးကလေးဟာနီလာရတော့သည်။မဟုတ်သေးဘူးလေ။အတူတူတောင်အိပ်လာကြတာကြီးကို သူကဘာလို့ရှက်နေပါလိမ့်။ဒီတိုင်းပူလို့နေမှာပါ။
''ဂယူဘင်း''
''ဘာလဲ''
''မင်းငါ့ရည်းစားလုပ်မယ်ဆိုဘယ်လိုလဲ''
''မူးနေတာလား''
ဂွန်းဝုလက်မောင်းအားတစ်ချက်ရိုက်လိုက်ပြီးအော်ရယ်နေတဲ့ကောင်ကြောင့်ဂွန်းဝုရဲ့ပထမဆုံးဖွင့်ပြောခြင်းလေးဟာပျက်စီးသွားရတော့သည်။
''သွားတော့မယ် မမကိုလာကြိုမယ်လို့ပြောထားတယ် ''
''အော် အေး''
ဂယူဗင်းကသူ့ရဲ့အီစီကလီလေးဆီသွားတော့ဂွန်းဝုကရော? အယ် သူတို့ကသူငယ်ချင်းတွေဟာကို ။
''ဒါနဲ့ ဂွန်းဝု မင်း ငါ့ကိုနိုင်အောင်ဂိမ်းဆော့လေ အဲ့တာဆို စဥ်းစားကြည့်ပေးမယ်''
''အော် အင်းပါ''
လေလေးချွန်ကာထွက်သွားပါသောဂယူဗင်းနောက်ကျောအားကြည့်လို့ဂွန်းဝုရူးချင်စိတ်ပင်ပေါက်သွားရတော့သည်။စိတ်ဓာတ်တွေလည်းအောက်ဆုံးထိထိုးကျကုန်ပြီ။အင်းပါ ကြိုးစားပြီးဆော့ကြည့်ရမှာပေါ့။ဂယူဗင်းလိုproကစားသမားကိုနိုင်ဖို့ဆို အနည်းဆုံး လေး၊ငါးနှစ်ပေါ့။ဘာလို့ဆိုဂွန်းဝုကဂိမ်းလုံးဝမဆော့တတ်ဘူးလေ။ မျှော်လင့်ချက်ရှိပါသေးတယ်လေ။
________TBC________
Fic updated တွေကမနက်ဖြန်မှလုပ်ပေးမယ်နော်။ဒီနေ့တော့မအားလို့ ဒါလေးဘဲဖတ်ထားအုံး။