OTP Requested by @kim008894
'မှန်ကြည့်ရမှာကိုယူဂျင်းအရမ်းမုန်းတာဘဲ'
''ရပ်စမ်း ဒါဘယ်လဲ''
''ပြန်တော့မယ်လေ ကျွန်တော်စာသင်ချင်စိတ်မရှိတဲ့လူကိုအချိန်ကုန်ခံပြီးမသင်ပေးနိုင်ဘူး''
''လာထိုင် ငါသင်မယ် မဟုတ်ရင်အမေကတစ်ခြားဆရာခေါ်ပေးနေအုံးမှာ''
ဒါဟာလူဆိုးကောင်လေးပတ်ဂွန်းဝုနဲ့ဂိုက်ဆရာလေးယူဂျင်းတို့ရဲ့ပထမဆုံးတွေ့ဆုံးခြင်းပါဘဲ။လက်ထဲကဂိမ်းဆက်ကိုမချတမ်းကိုင်ထားရင်းမျက်နှာမှာလည်းဒဏ်ရာတွေဟိုတစ်စ ဒီတစ်စရှိနေတဲ့ပုံကတောင်ကြည့်ကောင်းနေသည်။ယူဂျင်းရဲ့နှလုံးသားလေးထိုလူဆီမှာလက်နက်ချလိုက်ရတဲ့နေ့ဆိုလည်းမမှားဘူးပေါ့။
....
''ဒီလမ်း!''
''နေအုံး ဒီနားမှာပုန်းကြမယ် နော်''
လမ်းမှာရန်ဖြစ်နေတဲ့ပတ်ဂွန်းဝုကိုအတင်းဆွဲခေါ်လာရင်းကမောလာပြီမို့ပုန်းစရာတစ်နေရာသာယူဂျင်းအမြန်ရှာလိုက်သည်။အတင်းမဆွဲလာလို့ကလည်းမရ ဟိုဘက်က၁၅ယောက်လောက်ရှိတာ။သူ့လူကတစ်ယောက်တည်းရယ်။ဒဏ်ရာတွေရကုန်ရင်ဘယ်လိုလုပ်မလဲ။
''အကို နည်းနည်းလောက်နောက်ဆုတ်ပေးအုံး''
''မရတော့ဘူး နံရံနဲ့ကျောကပ်နေပြီ''
''ဟုတ်''
နှစ်ယောက်သားလမ်းကြားကျဥ်းကျဥ်းလေးထဲမှာပူးကပ်ကာရှိနေရတာမို့ယူဂျင်းရဲ့ရင်ခုန်သံတွေကမြန်နေသည်။သူ့ထက်ထိုလူကနှစ်နှစ်ကြီးပေမဲ့စာမလုပ်တာမို့နှစ်ကျကျောင်းသားဖြစ်နေသည်။ယူဂျင်းကစာတော်တာမို့ဂိုက်ဆရာဖြစ်လာတာ။ဒီလောက်ပါဘဲ။
''ယူဂျင်း!''
''ဗျာ''
''လှတယ်''
''ဗျာ!?''
''မင်း အစ်မလေ တကယ်လှတယ်''
''အော်!''
အဲ့လိုနဲ့လမ်းကြားကျဥ်းကျဥ်းလေးထဲကရင်ခုန်စရာဇာတ်လမ်းလေးကနေအိမ်ပြန်ချိန်တစ်လမ်းလုံးယူဂျင်းငိုသွားရတဲ့ဇာတ်လမ်းလေးအဖြစ်သို့ပြောင်းသွားရတော့လေသည်။
__________
''ယူဂျင်း ဟိုဘက်ခဏ!''
''လာပြီ မေမေရေ''
တစ်ဖက်ဝိုင်းကအကို့သူငယ်ချင်းတွေနဲ့စကားပြောနေတဲ့ယူဂျင်းကို မေမေကခေါ်တာမို့အပြေးလေးသွားလိုက်တော့မှအမောစို့တော့တာဘဲ။ဘာလို့ဆိုအမေကသူ့ကိုအိမ်ထောင်ချပေးမလို့တွေးနေပြီလေ။ဘယ်လိုတောင်လဲ သူ့အစ်မမဂ်လာဆောင်မှာသူ့ကိုအိမ်ထောင်ဖက်ရှာပေးတာကြီးက မလွန်ဘူးလား။
''မေမေ ကျွန်တော်ယူဂျင်းကိုခဏခေါ်သွားမယ်''
''အကို ဘာလိုလို့လဲ''
''မလိုဘူး မင်းအဆင်မပြေဖြစ်နေတဲ့ပုံပေါ်နေလို့''
''အော်!''
ဒီလိုနဲ့ဘဲသူတို့စကားဝိုင်းဟာတိတ်ဆိတ်သွားပြန်သည်။ယူဂျင်းကလည်းအရင်လိုစကားတွေလိုက်မပြောဖြစ်ဘူး။ဘာလို့ဆို ဒီနေ့ကသူ့အစ်မနဲ့အကို့ရဲ့မဂ်လာဆောင်နေ့လေ။
''ယူဂျင်း ကိုယ်တို့အိမ်လိုက်ခဲ့အုံးမလား''
''မလိုက်တော့ဘူး ကျွန်တော်ပင်ပန်းနေလို့''
''အင်းပါ''
ယူဂျင်းကားကိုခြံထဲဖြစ်သလိုရပ်ခဲ့လိုက်ပြီးသူ့အခန်းရှိရာဆီကိုသာဖြေးဖြေးတက်လာလိုက်သည်။အခန်းထဲရောက်မှအပေါ်ကုတ်ကိုကုတင်ပေါ်ပစ်တင်လိုက်ရင်းရေချိုးခန်းထဲဝင်လို့ရေပန်းကိုအဆုံးထိဖွင့်ချလိုက်သည်။ပြီးမှရေပန်းအောက်မှာထိုင်လို့ငိုရသည်။အကို့မဂ်လာဆောင်တစ်လျှောက်လုံးသူပြုံးနေခဲ့ရတာလေ။သူမခံစားနိုင်တော့ဘူး။
ယူဂျင်းငိုနေပေမဲ့ဘယ်သူမှမသိဘူး။ယူဂျင်းရဲ့ခံစားချက်တွေကိုလည်းဘယ်သူမှမြင်မှာမဟုတ်ဘူး။ယူဂျင်း မဂ်လာဆောင်တစ်လျှောက်လုံးအတောက်ပဆုံးပြုံးနေခဲ့လို့လေ။
''အကိုသိလား အကို့မဂ်လာဆောင်မှာပြုံးနေနိုင်ဖို့အတွက် ကျွန်တော်မှန်ရှေ့မှာအထပ်ထပ်လေ့ကျင့်ခဲ့ရတာ '' ထို့နောက်တွင်တော့ယူဂျင်းမျက်လုံးတွေမှိတ်ကျသွားရတော့သည်။တံခါးလော့ချထားပေမဲ့ကံကောင်းရင်တော့သူအသက်ရှင်လောက်ပါရဲ့။မဟုတ်ရင်လည်း အကို့ကိုအပြီးတိုင်နှုတ်ဆက်လိုက်တာပေါ့။
________TBC________
Otp request လာလုပ်မဲ့လူတွေကိုပြောချင်တာကလေ ။ဒီ Friends can't date တစ်ခုလုံးကလေ SEနဲ့OEသီးသန့်ပါဘဲ။ဒါဆိုနောက်oneshotမှာပြန်တွေ့ပါမယ်။