Friends can't date(Gyuricky /Minamz)

211 26 3
                                    

''အင်းပါ မေမေသာအေးဆေးလာခဲ့!''

''အဆင်ပြေနေလား''

''အင်း! သွားတော့မယ် ငါအလုပ်ရှိသေးတယ်''

''အင်းပါ!''

ရစ်ခီသူ့သူငယ်ချင်းဖြစ်သူဂယူဗင်းရဲ့မဂ်လာဆောင်အတွက်ကူညီရင်းကနေထွက်လာလိုက်သည်။ရစ်ခီကဟိုတယ်ကြီးတစ်ခုရဲ့မန်နေဂျာမို့ ဂယူဗင်းနားလည်းကြာကြာမနေရ။အလုပ်ရှိရာကိုပြန်သွားရအုံးမှာဖြစ်သည်။ဂယူဗင်းကတော့ Radio show တစ်ခုရဲ့DJမို့သူ့အလုပ်နဲ့သူလည်းရှုပ်သား။ဒါပေမဲ့လည်းခင်လာတာဆယ်စုနှစ်တစ်ခုမကတော့တာမို့မအားတဲ့ကြားကသူတို့နှစ်ယောက်ဟာအဆက်အသွယ်မပြတ်ရှိတတ်သည်။

....

''တောင်းပန်ပါတယ်!''

''ဖယ်!!!"

ရစ်ခီ ဟိုတယ်ရဲ့စားသောက်ခန်းထဲဝင်လာလိုက်တော့Customerအမျိုးသမီးတစ်ယောက်ကသူ့ကိုဝင်တိုက်သွားတော့သည်။ရစ်ခီ့အမှားတော့မဟုတ်ပေမဲ့တောင်းပန်လိုက်သည်။ပြီးမှသူနဲ့တာဝန်အတူကျတဲ့ကောင်လေးနားသွားလိုက်သည်။ရှီဂျွန်းတို့ကလည်းဒီအခိုက်အတန့်ကိုစောင့်နေသလားမသိ ချက်ချင်းကိုပါးစပ်ကလေးပြင်ကာဖောက်သည်ချတော့သည်။

''ရစ်ခီ Table No.8 ကတစ်ယောက်နဲ့စောနကကောင်မလေးကBlind Dateလာတွေ့တာတဲ့ ဒါပေမဲ့ဒီတစ်ယောက်လည်းထားသွားပြန်ပြီ ဒါနဲ့ဆိုသူတွေ့နေတာ 7ယောက်မြောက်ဘဲ''

''ဟမ် ဘာလို့လဲ ကြည့်ကောင်းတာဘဲကို!''

ရစ်ခီထိုဝိုင်းကိုကြည့်ရင်းပြောလိုက်တော့ထိုလူကလည်းပြန်ကြည့်နေတာနဲ့တိုးသည်။ထိုလူကရယ်ပြလာတာမို့ ရစ်ခီလည်းလည်ဂုတ်လေးပွတ်ရင်းကနေပြန်ပြုံးပြလိုက်ရတော့သည်။

''မသိပါဘူးကွာ နာမည်ကကင်မ်ဂျီဝွန်းတဲ့ ဆရာဝန်တောင်မှGSနော် ရုပ်လည်းချောသေးတာကိုကောင်မလေးတွေဘာလို့ငြင်းမှန်းမသိပါဘူး''

''တစ်ခုခုပြသာနာရှိလို့ဖြစ်ပါလိမ့်မယ်''

ရှုံမဲ့နေတဲ့ရှီဂျွန်းကြောင့်ရစ်ခီတစ်ချက်သာပြုံးလိုက်သည်။ဒါပေမဲ့ရုပ်ရည်ရော ၊ အရည်အချင်းအရရောဆိုရင်ရစ်ခီလည်းနှမျောမိသား။

Friends can't date💬OneshotsWhere stories live. Discover now