ဟျွန်းဆော့ဒီတစ်ပါတ်ကျော်အတွင်း
လုံးဝအဆင်ပြေနေသည်...ပုံမှန်အလုပ်သွားအလုပ်ပြန်နေသား
တကျရှိနေပြီဖြစ်သည်....မောင်နဲ့ကတော့ထပ်မတွေ့ပါရစေနဲ့လို့ပဲ
ဟျွန်းဆော့ဆုတောင်းနေမိသည်...ဆိုဟီးပြောပြတာတော့ရုံးချုပ်က
ခြောက်လနေမှတစ်ခါလောက်သာ
လာစစ်တတ်သည်တဲ့လေ...အဲ့လိုအချိန်တွေဆိုသူအတတ်နိုင်ဆုံး
ရှောင်နေရမည်..."ဟူးးး...ချမ်းလိုက်တာကားကလဲမလာ
သေးဘူး"ဘတ်စ်ကားမှတ်တိုင်မှာထိုင်ရင်းကား
စောင့်နေမိသည်စုဆောင်းထားတဲ့ပိုက်
ဆံလေးကိုတတ်နိုင်သလောက်သူခြွေ
တာရမည်...အလုပ်သင်တစ်ယောက်ကအချိန်ပိုလဲ
ဆင်းပေးရတာမို့သူ့ရဲ့အိမ်ပြန်ချိန်က
နောက်ကျတယ်လို့ပြောရမည်...မျက်စိရှေ့ကပြေးလွှားနေတဲ့ကားတွေ
ကိုကြည့်ပြီးဟျွန်းဆော့ရေတွက်နေမိ
သည်....ရုတ်တရက်ကားတစ်စီးကသူ့ရှေ့လာရပ်
တာကိုကြည့်နေမိသည်...တစ်ချိန်ကသူလဲဒီလိုကားမျိုးပေါ်မှာ
အခန့်သားလိုက်စီးဖူးသည်...ကားပေါ်ကဆင်းလာတဲ့သူကိုကြည့်မိ
တော့သူ့မျက်လုံးကိုတောင်မယုံနိုင်ပေ..."မောင်..."
ဟျွန်းဆော့ဘယ်ပြေးလို့ပြေးရမယ်မသိ
ဖြစ်သွားသည်...မဖြစ်ဘူးသူမတွေ့ချင်ဘူး...
ဦးတည်ရာမရှိဟျွန်းဆော့ပြေးဖို့ရာကြံ
လိုက်ပေမဲ့သူ့လက်တစ်ဖက်ကိုတစ်စုံ
တစ်ယောက်ဆွဲထားလိုက်ပြီးဖြစ်သည်..လှည့်မကြည့်ပဲဘယ်သူလဲသူသိပါသည်
သူအတွက်အမြဲနွေးထွေးတဲ့လက်တစ်စုံ
သူနေ့နေ့ညညလွမ်းစွတ်နေတဲ့နွေးထွေး
မှုလေး..."ဘယ်ပြေးမလို့လဲဟျွန်း..."
ဘယ်တော့မှမကြားရတော့ဘူးလို့သူတွေး
ထားခဲ့တဲ့ဒီလူရဲ့ဟျွန်းလို့ခေါ်သံ..."ဟို...ငါ"
"မအေးဘူးလား...လာမောင့်အနွေးထည်
ခြုံထားလိုက်"