ဒီနှစ်ဆောင်းရဲ့အအေးဒဏ်က
ဟျွန်းဆော့ကိုနည်းနည်းလေးမှ
ဒုက္ခမပေးနိုင်တော့ပါ...မိုးလင်းလို့နိုးလာတာနဲ့နွေးထွေးလွန်း
တဲ့ရင်ခွင်ကျယ်တစ်ခုသူ့ကိုစီးကြိုနေ
သည်မဟုတ်လား...ဒီနေ့အလုပ်ပိတ်ရက်မို့နှစ်ယောက်စလုံး
ထဖို့မကြိုးစားမိကြချေ...အိပ်ပျော်နေတာမျိုးမဟုတ်ပဲပိတ်ရက်
တွေဆိုဒီလိုမျိုးတစ်ယောက်ကိုတစ်
ယောက်တင်းတင်းကြပ်ကြပ်ပွေ့ဖက်
ထားတတ်သည်..."ဟျွန်း...ဒီနေ့မောင်မနက်စာပြင်လိုက်
မှာမို့အိပ်ဦးနော်...""အင်း..."
ပြွတ်
ဂျောင်ဟွမ်ဟျွန်းရဲ့နှုတ်ခမ်းလေးကို
အနမ်းခြွေပြီးထမလို့လုပ်ရင်းကနေ
တစ်ခုသတိရသွားသည်..."ဟျွန်း...မောင့်ကိုလဲအာဘွား
ပေးပါဦး..."ဟျွန်းဆော့မျက်စိမှိတ်ထားရာကနေ
ဂျောင်ဟွမ်စကားသံကြောင့်မျက်လုံး
ဖွင့်ကြည့်လာသည်..."ဒီတိုးခဲ့..."
ဟျွန်းစကားကြောင့်ဟျွန်းမျက်နှာနား
ကိုဂျောင်ဟွမ်တိုးကပ်လိုက်သည်..."မွ...မွ...မွ...ရပြီလား..."
ဟျွန်းဆော့လက်နှစ်ဖက်နဲ့ဂျောင်ဟွမ်
မျက်နှာကိုထိန်းကိုင်ပြီးမျက်နှာအနှံ့
အနမ်းပေးလိုက်တော့ဂျောင်ဟွမ်
သဘောကျစွာရီနေတော့သည်..."ဟျွန်းကလေအရမ်းချစ်ဖို့ကောင်း
တာပဲ""ဟိုး...ဟိုးထားမနက်စာသွားလုပ်တော့
နော်"အနမ်းတွေဆက်ဖို့တိုးလာတဲ့ဂျောင်ဟွမ်
ကိုဟျွန်းဆော့အမြန်တားလိုက်ရသည်...မဟုတ်ရင်သူနေ့ခင်းပါမနားရပဲဖြစ်
မှာသေချာပါသည်...
မောင်အချစ်ကြမ်းတာသူအသိပဲမို့
ကြောက်ရပါသည်..."အဟက်...အင်းပါမောင်မနက်စာသွား
ပြင်တော့မယ်ဟျွန်းပြန်အိပ်လိုက်ဦး
နော်"ဂျောင်ဟွမ်မသွားခင်ဟျွန်းဆော့တစ်
ကိုယ်လုံးမြုပ်အောင်ထိဆောင်ကို
ခြုံပေးထားခဲ့သည်...