Part 1

12.6K 289 10
                                    

💗 ဤလူသား၏ ချစ်မြတ်နိုးခြင်းမှတပါး 💗
Part - 1

ဖုမ္မတီးရွာ။
ဖုမ္မတီးရွာဆိုတာ မြိတ်ကျွန်းစုနားက ရွာလေးတစ်ရွာပဲ။ လူနေကျဲတယ်.....ခေါင်တယ်။ ရွာမှာ သစ်ရိပ်ဝါးရိပ်ထက် သဲသောင်ကတုံးတွေ ၊ လမုပင်တွေက ပိုများတယ်။

" ကုဋေသောင်း.........ဟိတ်ကောင် ​ကုဋေသောင်း.....မင်း အခုထွက်လာခဲ့စမ်း။ "

ခြံဝိုင်းထဲဝင်လာတဲ့ ဦးလှသောင်းရဲ့အသံက ဒေါသတကြီးမို့ ဇနီးဖြစ်သူဒေါ်ကျော့နွယ်လဲ ခြံဝအပြေးရောက်လာရသည်။ ဦးလှသောင်းက ငပိ ငါးခြောက် ငံပြာရည်ဒိုင်ဖြစ်ရုံမက ပုလဲလုပ်ငန်းကိုပါ မြိတ်ကျွန်းစုတခွင် အတော်ကြီးကြီးကျယ်ကျယ်ကို လုပ်ကိုင်သည့်သူဌေးဖြစ်၏။ ကျိကျိတက်ချမ်းသာသော သူဌေးတွေမို့ နာမည်ဂုဏ်သတင်းကကြီးသလို တစ်ဦးထဲသော သားဖြစ်သူ ကုဋေသောင်း၏ ကျော်ဇောမှုကလဲ မသေးလှပေ။

ဒေါ်ကျော့နွယ် ခင်ပွန်းဖြစ်သူနားကပ်လိုက်လာရင်းမှ ရင်တမမဖြင့် အိမ်ပေါ်ထပ်ကနေ အေးအေးလူလူ ဆင်းလာသည့် သားကိုမချင့်မရဲလှမ်းကြည့်၏။

" ဘာ.....ဘာဖြစ်တာလဲ ကိုသောင်းရယ်။ ဘာတွေဖြစ်လာပြန်ပြီလဲ။ "

" အေး.....မင်းသားက ထုံးစံအတိုင်း မိုက်ရိုင်းလာပြန်ပြီလေ။ "

ဖခင်ဖြစ်သူ၏ စကားကြောင့် ကုဋေသောင်း ကျစ်ခနဲစုပ်သပ်ရင်း အိမ်အောက်ကတန်းလျားတွင် ဝင်ထိုင်လိုက်သည်။ ဝတ်ထားသည့် ပိုးထည်နီညိုရောင်ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိခေါက်တင်လိုက်ရင်းမှ ကချင်ပုဆိုးကို အနည်းငယ်ဆွဲမ၍ ဒူးတစ်ဖက်ထောင်ကာ တန်းလျားကိုမှီထိုင်ပစ်၏။

" ဟေ့ကောင် ကုဋေသောင်း..... မင်း ရွာထဲကဦးစံမူရဲ့ ကြက်တွေကို ရိုက်သတ်ပစ်လိုက်တယ်ဆို။ "

" ဟုတ်တယ်လေ....."

ဘာမှမထူးဆန်းသလို ပြန်ဖြေလာပုံက ထုံးစံအတိုင်း ဂျစ်တစ်တစ်။

" ဟ.....ဘာဖြစ်လို့လဲကွ။ "

" အမြည်းမရှိလို့......"

ဖအေကိုကြောက်ရမှန်းမသိသလို ဒေါ်ကျော့နွယ်မှာလဲ သားအဖနှစ်ယောက်ကြား မျက်ကလဲဆန်ပြာဖြင့် လင်ဖြစ်သူ၏လက်မောင်းကို အတင်းဆွဲထားရသည်။

ဤလူသား၏ချစ်မြတ်နိုးခြင်းမှတပါး ( Complete)Where stories live. Discover now