P-11

4K 205 7
                                    

💗 ဤလူသား၏ ချစ်မြတ်နိုးခြင်းမှတပါး 💗
Part - 11

ထိုညနေက ပြဿနာအကြီးအကျယ်တက်ကြသည်။ ကုဋေသောင်း ကို မနည်းဆွဲကြရသလို နောက်ဆုံး ချစ်ရူပါရုံက မနည်းငိုယိုတောင်းပန်တော့မှ ဓားကြီးချပြီး မယားလက်ဆွဲကာ အိမ်ပေါ်တက်သွား၏။

ရုံ အိပ်ယာလေးထက်တွင် တသိမ့်သိမ့်ရှိုက်ငိုနေသလို ရှက်လဲရှက်လွန်းလှသည်။ သူလုပ်ပုံနှင့် သူများတွေ ယုန်ထင်​ကြောင်ထင်ဖြစ်ကုန်ကြမှာစိုးသလို သူ့လဲ မျက်နှာကိုမမြင်ချင်တော့။ ဒီလောက်ပဲ ရုံ့ကိုထင်ရက်ရသလားဟု စိတ်တိုလှသည်။

" ငို.....ငို အဲ့မှာသေအောင်သာငိုနေလိုက်။ မင်းကိုငါ ဘာပြောထားလဲ ချစ်ရူပါရုံ။ အဲ့ကောင်နဲ့ဝေးဝေးနေပြောထားတယ်လေ။ "

" ကျွန်မက အခု ဘာလုပ်နေလို့လဲ။ နှစ်ယောက်သား စကားပြောနေတာ လူမြင်ကွင်းကြီးပါ....ရှင်ကိုက တိုက်ကြက်လိုပဲ မြင်တာနဲ့ပြေးခွပ်ချင်နေတာ။ "

" တောက်!! ငါ့အကြောင်း မင်းသိတယ်နော်။ "

ရုံက စူးစူးလေးပြန်အော်လာ၏။

" သိတယ်....သိတယ်...ရှင်ဟာလေ ကျွန်မကိုဘယ်အချိန်ထိနှိပ်စက်နေမှာလဲဟင်။ "

ကုဋေသောင်း ဘေးမှနီးရာ ခွေးခြေခုံကို ဖြတ်ကန်ပစ်ရင်း ရုံ့အနား တမဟုတ်ချင်းရောက်လာသည်။

" နှိပ်စက်တယ် ဟုတ်လား.....နှိပ်စက်တယ်ပြောရအောင် မင်းကိုငါဘယ်နှစ်ခါများ လက်နဲ့တောင်ရွယ်ဖူးလို့လဲ ချစ်ရူပါရုံရဲ့။ မိန်းကလေးကို လက်မပါရဘူးတွေဘာတွေထက် ကုဋေသောင်းဆိုတဲ့ကောင်က ဘယ်ဥပဒေသကိုမှ ဂရုစိုက်မနေဘူး။ ငါချစ်လွန်းလို့ စောက်ကျင့်ယုတ်ပြီးကို ယူထားရတဲ့မိန်းမ.....မင်းကိုလက်ဖျားနဲ့တောင် မထိရက်တဲ့ကောင်ပါ..... ။ "

ရုံ တအင့်အင့်ရှိုက်ငိုရင်းမှ ခေါင်းလေးကိုခါယမ်းနေမိသည်။

" ရိုက်မှနှက်မှ နှိပ်စက်တာမဟုတ်ဘူး ကိုကုဋေသောင်းရဲ့။ နေ့စဥ်နဲ့အမျှငိုယိုပြီး စိတ်ဆင်းရဲနေရတာလဲ နှိပ်စက်တာပါပဲ.....ရှင်ကလေ ကျွန်မကို အထင်သေးတယ်။ အားနေလိုက် မသမုတ်နေပါနဲ့။ ယောကျာ်းမြင်တိုင်း ငမ်းငမ်းတက် လော်လီဖောက်ပြားတတ်တဲ့ အကျင့်စာရိတ္တမျိုး မဟုတ်ဘူး..... "

ဤလူသား၏ချစ်မြတ်နိုးခြင်းမှတပါး ( Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ