P-13

3.9K 166 0
                                    

💗 ဤလူသား၏ ချစ်မြတ်နိုးခြင်းမှတပါး.... 💗
Part - 13

ကိုယ်ဝန်တဖြည်းဖြည်း လရင့်လာလေ ရုံ သူ့ကို ကြည့်မရတာက ပို၍ပို၍ ဆိုးရွားလာလေသည်။ မြင်နေရရင်ကို စိတ်တိုသလို သူဘာလုပ်လုပ် အပြစ်တင်ကာ ပစိပစပ်လိုက်များတတ်သည်။ ကုဋေသောင်းကတော့ ရုံဘာပြောပြောဘာဆိုဆို ခပ်ပြုံးပြုံးသာရှိသလို ငြူစူခြင်းစိတ်ဆိုးခြင်းလဲမရှိ။

" မိန်းမ....ဒီမှာ ဟင်းချိုကပူတယ်နော်။ "

ရုံ ကျစ်ခနဲစုပ်သပ်လိုက်မိရင်းမှ......

" ပူတာများ လာပေးနေသေးတယ်။ တစ်ခါထဲအေးအောင် လုပ်ပေးပေါ့။ "

ကုဋေသောင်း စူပုတ်နေသည့် ရုံ့မျက်နှာလေးကိုကြည့်ရင်း ခပ်ပြုံးပြုံးဖြင့်..

" ဟုတ်ကဲ့ပါဗျာ....."

ကုဋေသောင်းသည် ချစ်ရူပါရုံ၏ မျက်စိရှေ့မှာ ဘာမှကို လုပ်၍မရ။ စားလျှင် စားပြန်ပြီ....သွားလျှင်သွားပြန်ပြီ.....ထိုင်ထိုင်ထထ အပြောကမလွတ်သလို အကောင်းပြောခံရသည်ကိုမရှိ။ ညဘက်အိပ်လျှင်တောင် ကုဋေသောင်းက ကြမ်းပြင်ဆင်းအိပ်ရသည်။ ကုဋေသောင်းက အမေဖြစ်သူသိလျှင် မိန်းမကိုမကြည်မှာ စိုးတာမို့ မပြောပေမယ့် ဒေါ်ကျော့နွယ်က သိဖြစ်အောင်သိသွား၏။

" အမလေး!...မကြားမကြားဘူးပေါင်တော်။ လင်က အောက်ဆင်းအိပ်ရတယ်လို့......"

" အာ....မဟုတ်ပါဘူးအမေရာ။ ကျုပ်ဆင်းအိပ်တာပါ....ကျုပ်က အအိပ်ဆိုးတော့ ရုံ့ဗိုက်ကိုထိခိုက်မိမှာစိုးလို့ပါဗျ......"

ဒါလဲ ချစ်ရူပါရုံတို့က ကုဋေသောင်းကို မကြည်မလင်ပင်။

" ရှင် ကူ​ပြောပေးလို့ ကျေးဇူးတင်မယ် မထင်နဲ့နော်......ကိုယ့်ဘာသာကြမ်းပြင်ပေါ်ပဲဆက်အိပ်။ ကျွန်မ ရှင်နဲ့မအိပ်ချင်ဘူး။ "

" အင်းပါ မိန်းမရယ်.....မောင် ဘာပြောလို့လဲဗျ။ "

ရုံ က ဘောက်ဆတ်ဆတ်ဖြင့် အိမ်ပေါ်တက်သွားတော့ ကုဋေသောင်းအနောက်ကနေ အမြန်လိုက်ရသည်။ မတော်လဲပြုမှဖြင့် ကိုယ်ကျိုးနည်းရချည်ရဲ့ မဟုတ်လား။

မွေးခါနီးလာတော့ ချစ်ရူပါရုံ၏အာသီသသည် တစ်မျိုးပြောင်းလာ၏။ ကုဋေသောင်းကိုမြင်လျှင် တစ်မျိုးမဟုတ်တစ်မျိုး နာကျင်အောင်လုပ်ပစ်ချင်၏။ ဆွဲဆိတ်လိုက်တာမျိုး...နားရွက်ဆွဲတာ....ကုန်းကိုက်တာကအစ တွေ့ရာနဲ့ကောက်ထုလိုက်ရမှကို နေသာထိုင်သာရှိသည်။

ဤလူသား၏ချစ်မြတ်နိုးခြင်းမှတပါး ( Complete)Donde viven las historias. Descúbrelo ahora