P-4

4.5K 201 5
                                    

💗 ဤလူသား၏ ချစ်မြတ်နိုးခြင်းမှတပါး 💗
Part - 4

ဘုန်းကြီးဆွမ်းကပ်နေပေမယ့် မျက်နှာကြီးတင်းချီနေသည့် ကုဋေသောင်းကြောင့် ရုံ့မှာ အနေရခက်လှသလို ဒေါ်ကျော့နွယ်မှာလဲ ကိုယ့်သားအနားကပ်၍ ခပ်ကြိတ်ကြိတ်ဆူရသည်။

" ဟဲ့....မင်းမျက်နှာက ဘယ်လို​ဖြစ်နေတာလဲ။ "

နဂိုထဲက စိတ်တိုနေရသည့်အထဲ အမေ့အမေးက သူ့ဒေါသကိုလောင်စာထည့်လိုက်သလိုပင်။

" ကျုပ်မျက်နှာကို မေးမယ့်အစား အမေ့ချွေးမကိုမေးပါလား။ "

ခပ်တိုးတိုးမေးပေမယ့် စိတ်တွေကြီးနေသည့် ကုဋေသောင်းက နေရာဒေသရွေးမနေပဲ ထအော်၏။ ရုံ ရှက်စိတ်ကြောင့် မျက်နှာလေးရဲတက်သွားရသလို လာသည့်ဧည့်သည်တွေကိုပါ ဘေးဘီကြည့်မိသည်။ သူ့အော်သံက ကိုယ်သာမက လာသည့်ဧည့်သည်တွေပါ လန့်ကုန်သည့်ပုံပင်။

" ရှင်နော်....ကျွန်မက ဘာလုပ်နေလို့လဲ ။ "

သူမကိုပြောတော့ မခံနိုင်သလို ပြန်ပြောလာသဖြင့် ကုဋေသောင်း သူ့အနားကြွေရုပ်လေးချထားသလို တောင့်တောင့်လေးရပ်နေသည့် ရုံ့ဘက် စူးစူးကြီးလှည့်ကြည့်လာသည်။

" ဟ! ဘာလုပ်ရမလဲ။ မင်္ဂလာပွဲစထဲက အသုဘလိုမျိုး မင်းမျက်နှာက ငိုချတော့မတတ်ဖြစ်နေတာလေ။ "

" ဟဲ့.....နိမိတ်မရှိနမာမရှိသားရယ်။ ဘာတွေပြောနေတာလဲ။ "

ကုဋေသောင်း အမေ့ဘက်လှည့်လိုက်ရင်းမှ...

" ကြားတဲ့အတိုင်းပဲ အမေရာ။ တဖြည်းဖြည်းနဲ့ လူသတ်မိတော့မယ်။ ဧည့်ခံတာလဲ အမေတို့ပဲ ဆက်လုပ်လိုက်တော့....ကျုပ် ကြာရင်ထသောင်းကျန်းမိတော့မယ်။ ဟိုကောင်.....တောက်ထိန် ငါ့မိန်းမကို ကြည့်ထား။ "

ပြောရင်း ဒေါကြီးမောကြီးဖြင့် စိတ်တွေဆိုးပြီးထွက်သွားလိုက်တာ ဒေါ်ကျော့နွယ်မှာ တဟဲ့ဟဲ့ဖြင့်လိုကိတားရင်း ကျန်ခဲ့ရ၏။ မချစ်တာလဲမဟုတ်......သူနဲ့ယူရတာကို ငိုမလိုဖြစ်လို့ စိတ်ဆိုးသည်တဲ့လေ။

" မင်းသား ဘာအချိုးချိုးတာလဲကွ......ငါ ".

" ကိုလှသောင်းရယ်.......သူများတွေရှိတဲ့ဟာ။ ပွဲလဲပြီးခါနီးပါပြီ......သမီးလေး အိမ်ပြန်နှင့်နော်။ "

ဤလူသား၏ချစ်မြတ်နိုးခြင်းမှတပါး ( Complete)Donde viven las historias. Descúbrelo ahora