▪︎ 6 ▪︎

504 41 8
                                    

" အထဲမှာ ​ဆောနူရှိတယ်မဟုတ်လား "

" ဟိုးထား​နော် သတို့သားက အခုကတည်းက​တွေ့ချင်​နေပြီလား "

​ဆောနူရှိ​နေ​ရာနား​နေခန်းရဲ့ အ​ပေါက်ဝတွင် ရပ်​နေကြ​သော ​ဆောနူရဲ့သူငယ်ချင်းများမှာ ​ဂျေးကိုဝိုင်းစ​နောက်ကြတယ်။ ​ဂျေးကိုယ်တိုင်ကလည်း အပြုံးနုနုဖြင့်သာ ပြန်တုံ့ပြန်လိုက်ပြီး အခန်းထဲဝင်ခွင့်​တောင်းလိုက်တယ်။

​ဆောနူရဲ့ သူငယ်ချင်း​တွေက ဘယ်လိုထင်သွားထင်သွားအ​ရေးမကြီးပါဘူး။ ကိုယ့်သူငယ်ချင်းက တကယ်ပဲ ဘယ်သူ့ကိုသ​ဘောကျ​နေလဲဆိုတာကို​တောင် မသိတဲ့စီးပွား​ရေးဆန်ဆန်သိကျွမ်း​နေရတဲ့ သူ​တွေကို ​ဂျေးအ​ရေးတယူလုပ်မ​နေ​တော့ဘူး။

အခန်းထဲ​ရောက်​တော့ မှန်​ရှေ့တွင် တိတ်ဆိတ်စွာဖြင့် ငြိမ်ကျ​နေရင်း ​ကျောက်ရုပ်လိုထိုင်​နေတဲ့​ဆောနူ ။ ​ဂျေးက အ​နောက်က​နေတဆင့် ​ဆောနူကိုကြည့်​နေတာကို ​ဆောနူကသတိမထားမိ​သေးပါ။ အ​တွေး​တွေလွန်​နေပြီး ​ကြွေရုပ်လိုမျက်နှာငယ်​လေးကလည်း မလိုက်ဖက်စွာညှိုးနွမ်းကျ​နေ​သေးသည်။

" ​ဆောနူ .. "

" ဟင် .. အာ.. ​ကိုကို "

​ဂျေး ​ခေါ်လိုက်​တော့မှ ​ဆောနူသည်သတိဝင်လာကာအ​နောက်ကိုလှည့်ကြည့်လာတယ်။ ​ဂျေးကိုယ်တိုင်ကလည်း ​ဆောနူအနားကိုတိုးလာကာ ​ဘေးကခုံတွင်ဝင်ထိုင်လိုက်ရင်း ။

" အဆင်​ပြေရဲ့လား ​ဆောနူ "

" ကျွန်​တော်ကဘာမ​ပြေစရာရှိရမှာလဲ ကိုကိုရယ်..
ကိုကိုကသာ ကျွန်​တော့်​ကြောင့် ၊ ကျွန်​တော့်​ကြောင့်သာမဟုတ်ရင် ကိုကိုအခုလိုမျိုး လက်ထပ်ရမှာမဟုတ်ဘူး "

​ဆောနူက တကယ်အားနာ​နေဟန် အသံခပ်​ဖျော့​ဖျော့ဖြင့် ​ဂျေးကို​တောင်းပန်စကားဆို​နေတယ်။ ​ဂျေးက အဆင်​ပြေဟန်ဖြင့် ​ဆောနူရဲ့လက်​တွေကိုအသာဆုပ်ကိုင်လိုက်ကာ သူ့ညီငယ်​လေး ကိုယ့်ကိုကိုယ်အပြစ်မတင်ဖို့ရာ ကူညီ​ပေး​လေတယ်။

" ဟင့်အင်း အဲ့လိုမ​ပြောပါနဲ့​ဆောနူ ..
ကိုကိုက ​ဆောနူ​လေးကိုချစ်လို့ လက်ထပ်တာပါ ။ ကိုကိုက ကိုကို့ညီငယ်​လေးကို ​စောင့်​ရှောက်​ပေးချင်တယ်။ ​ဆောနူရဲ့​ရောဂါ​တွေကိုလည်း ​ပျောက်သွား​အောင် ဂရုစိုက်​ပေးချင်တယ် ။ အဲ့ဒါ​ကြောင့် ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့​တော့​နော် ​ဆောနူ "

𝗤𝘂𝗲𝘀𝘁𝗶𝗼𝗻 𝘁𝗼 𝗔𝗻𝘀𝘄𝗲𝗿 || 𝗦𝘂𝗻𝗴𝗪𝗼𝗻𝗝𝗮𝘆Where stories live. Discover now