*ထိုဇာတ်လမ်းတွင်ပါဝင်သောအကြောင်း
အရာများမည်သည့်တစ်ဦးတစ်ယောက်ဆီကမှကူးယူခြင်းမရှိပါ။စာရေးသူအနေနဲ့စိတ်ကူး
ယဥ်သက်သက်သာပုံဖော်ထားခြင်းဖြစ်သည်။*[၆]
"ဟယ်..သားငယ်.."
"နင့်အမကော ဘယ်လိုလုပ်ဒီလိုတွေဝတ်ထားတာလည်း "
သူ့ထက်သာ ငိုသာငိုလိုက်ချင်ပါတယ် အမေကိုကြောက်လွန်းလို့ အသားတွေပါတုန်နေသည်။
"ငါမေးနေတာဖြေလေ"
"ဟို...ဟိုမမကိုသနားလို့သားကူညီလိုက်တာပါအမေ "
"ဘာပြောတယ် ဒါဆိုနင်ဖျားနေတာတွေကော
နင်အမငါ့ကိုစကားကောင်းကောင်းတွေပြောဒါတွေအားလုံးကငါကကိုလိမ်ထားတာပေါ့ဟုတ်လား ""သားတောင်းပန်ပါတယ်အမေရယ် မမကိုသူချစ်တဲ့သူနဲ့ပျော်စေချင်လို့ဒီလိုလုပ်လိုက်ရတာပါ "
"သူ့ထက်သာ ဘယ်လိုသတ္တိနဲ့ငါ့ကိုလိမ်ရဲတာလည်းပြောစမ်း ဒါတွေအားလုံးကနင်တစ်ယောက်ထဲ စီစဉ်တာတော့မဖြစ်နိုင်ဘူး ဟဲ့ဟိုဘက်ကမိန်းမလျာနင်လည်းပါတယ် ငါ့ကိုပြောလေ မဟုတ်လို့ကတော့နင့်ကိုလိမ်လည်မှုနဲ့ရဲလက်အပ်မယ်"
"မလုပ်ပါနဲ့ ကျုပ်ကသူကြီးခိုင်းလို့သာ ဒီလိုလုပ်ရတာပါ ကျုပ်တောင်းပန်ပါတယ်ဘာမှမလုပ်နဲ့ "
"အော် မောင်လင်းညို့ပါပါတာကို ထင်တော့ထင်နေတယ် ဒီမိန်းမ မနက်အစောကြီးမိတ်ကပ်ပြန်ဖို့လာထဲကစိတ်ခုနေတာ ငါတော့အရှက်ကွဲတာဘဲ တစ်ရွာလုံးကိုငါ့သမီးကသူကြီးကတော်ဖြစ်တော့မှာဆိုပြီးလိုက်ပြောထားသေးတာ ကိုထွန်းကြည်တို့ကိုဘယ်လိုမျက်နှာပြမလားခနနေကြ
လာတော့မှာ"ဒေါ်စိန်ကြည်တစ်ယောက်သားဖြစ်သူ၏လက်မောင်းအားနာနာလေးပင်ရိုက်ပစ်လိုက်သည်။
"အ...နာတယ်အမေရဲ့
အမေကလည်းသားတစ်ယောက်ထဲဒီကိစ္စကိုလုပ်တာမှမဟုတ်တာ သူ့သားလည်းပါတာဘဲလေ အနေမျက်နှာပြလို့ရပါတယ်"ဟုတ်တယ်လေပြောလက်စနဲ့အားလုံးဖွင့်ချပစ်လိုက်မယ်ဒါမှလွှတ်မှာ
YOU ARE READING
သူကြီးကတော် မြို့ကြီးသား
Romance၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့တော်ကောက်ရတာမဟုတ်ဘူးမတတ်သာလို့လုပ်လိုက်ရတာ ကလေး တွေကိုမကြိုက်ဘူးကွ" လင်းညို့မောင်မောင် "အောင်မာ ခင...