လင်းညို့မောင်းလာတာအတော်ကြာပြီဆိုတော့နည်းနည်းထပ်မောင်းရင်သောမြို့ကိုရောက်ပါပြီလေ
တစ်လမ်းလုံးအိပ်လိုက်ထလိုက်ဘယ်အချိန်ရောက်မှာလည်းမရောက်သေးဘူးလားနဲ့အတော်လေးစကားများသောကောင်လေးအခုတော့ဘေးမှာအိပ်နေလိုက်တာများ"ဟေ့ကောင်လေး ထတော့ရောက်တော့မယ်ကြားလား"
"ဟင်....ရောက်ပြီလား"
မျက်လုံးမပွင့်တပွင့်နှင်ဆိုလာသောစကား
"အေးအဲ့ဒါကြောင့်ထတော့ဘယ်နှယ့်အိပ်နေလိုက်တာလူသေကောင်အတိုင်းပဲ"
"ထပြီ ထပြီဘာဖြစ်နေလည်းမသိဘူးကိုယ့်ဘာသာကိုယ်အိပ်တာတောင်လိုက်ပြောနေတယ်ထော်လာဂျီကနားငြီးရတဲ့ကြားတည်းသူ့ကပါနားငြီးအောင်လုပ်နေတယ်အေးအေးဆေးဆေးမနေရဘူး"
"မင်းကမှပိုနားငြီးတာငါပြောလိုက်တာတစ်ခွန်းပြန်ပြောတာဆိတ်ဖင်ကချီးထွက်သလိုပဲ"
"ကျွန်တော့်ပါးစပ်ကိုဆိတ်ဖင်လို့ပြောလိုက်တဲ့သဘောလား လူတစ်ယောက်လုံးကိိုတိရစ်ဆာန်နဲ့နှိုင်းတယ်ပေါ့တွေ့မယ် ခင်ဗျားကိုခင်ဗျားအဖေနဲ့တိုင်မယ်အသက်ကကြီးပြီးအသိညဏ်မရှိတဲ့လူဒါဆိုရင်လည်းခင်ဗျားကတိရစ်ဆာန်နဲ့ယူရမှာလေ...
စကားပြောတာပြီးပြီဟုထင်လိုက်သော်လည်း
တံတွေးမျိုချကာဆက်ပြောသည်။"ခင်ဗျားလည်းတိရစ္ဆာန် ပဲဖြစ်လာမှာလေအဲ့တော့တိရစ္ဆာန်ဖြစ်ချင်ရင် မဂ်လာပွဲကိုဖြတ်လိုက်လေ"
"ပြောလို့ပြီးပြီလား ဟိုရှေ့ဆိုရောက်ပြီ"
ဟင်ဘာလဲသူကိုဘာမှပြန်မပြောဘူးလားအနည်းဆုံးတော့တစ်ခုခုတော့ပြန်ပြောသင့်တယ်မလား
"ခင်ဗျားတစ်ခုခုတော့ပြန်ပြောလေ "
"ငါကကလေးမဟုတ်ဘူး ငါ့ကိုလာပြောတိုင်းပြန်မပြောဘူးပြီးတော့ငါမင်းကိုပြောခဲ့ဖူးတယ်လေ ခွေးဟောင်တိုင်းထကြည့်ရင်အိပ်ရေးပျက်တယ်လို့ဉီးနှောက်မကောင်းတာလား"
မိမိအားမကြည့်ဘဲအရှေ့ကိုသာအာရုံစိုက်မောင်းနေသောလူကစကားပြောနေသောလူကဘေးတိုက်အနေအထားဖြင့်နှာတံချွန်ချွန်မေးရိုးထင်းထင်းနဲ့ကြည့်ကောင်းနေသလိုလို
ရူးနေလားသူ့ထက်သာဘာမှကြည့်မကောင်ဘူးကိုယ့်ခေါင်းကိုသာနာနာလေးရိုက်လိုက်တယ်
YOU ARE READING
သူကြီးကတော် မြို့ကြီးသား
Romance၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့တော်ကောက်ရတာမဟုတ်ဘူးမတတ်သာလို့လုပ်လိုက်ရတာ ကလေး တွေကိုမကြိုက်ဘူးကွ" လင်းညို့မောင်မောင် "အောင်မာ ခင...