"အော်...ဟုတ်ကဲ့ပါဗျာကျွန်တော်လည်းမသိလို့ပြောမိတာပါသူကြီး"
လင်းညို့ပြောပြီးတာနဲ့ထိုလူမျက်နှာမှာအတော်လေးပျက်သွားကာအားနာသွားပုံရသည်။
"မသိရင်လည်းမေးမှပေါ့ ကိုယ်ထင်ရာမြင်ရာပြောလို့ရသလား ဒီတစ်ခါတော့ဆင်ခြင်လိုက်နောက်ဆိုရင်တော့ဂရုစိုက်ပြော
ထင်ရာပြောလို့ကောင်းတာရှိလာမှာမဟုတ်ဘူး""ဟုတ်ကဲ့ပါသူကြီးဆေးရော...."
"တော်ပြီမဝယ်တော့ဘူး...ကျုပ်နည်း
ကျုပ်ဟန်နဲ့ပဲကုတော့မယ်"လင်းညို့တစ်ယောက်ထိုလူအားနှုတ်မဆက်ပဲနဲ့ပင်ထွက်လာခဲ့သည်။အစောပိုင်းကကြည်နေသည့်စိတ်တောင်ဘယ်ရောက်သွားမှန်းမသိဘယ်မှရေရေရာရာမသိဘဲပေါက်ပန်းလေးဆယ်လာပြောနေတယ်။
စိတ်နောက်စရာတွေပဲဒေါသစိတ်ကြောင့်ခြေလှမ်းများကခပ်တွက်တွင်ပင်လျှောက်လာတာမိမိအိမ်ရှေ့ပင်ရောက်နေသည်။
အိမ်ထဲဝင်တော့သူ့ထက်သာအားမတွေ့နောက်ကျောပေးထိုင်နေသောအမျိုးသမီးတစ်ယောက််အားတွေသည်မှာလင်းညို့မျက်ခုံးများသိသိသာသာတွန့်ချိုးသွားရသည်။
ထို့နောက်ကိုယ့်ခြေသံကိုကြားသွားသည်ထင်
လှည့်ကြည့်လာသည်နှင့်ရင်းနှီးနေသောမျက်နှာသည်.."မသူသူထက်သူ့ ထက်သာဆီလာလည်တာလား"
"အော်...ကိုလင်းညို့ဟို..
မောင်လေးသတင်းကြားပြီးချင်းချင်းရောက်လာတာပဲ""ထားပါ..သူ့ထက်သာကကောဘယ်မှာလည်း"
"မောင်လေးကရေနွေးကြမ်းသွားယူနေပါတယ်"
"မသူသူထက်အဆင်ပြေပြေရှိတယ်မလား
အမေတို့ဆီလဲသွားလိုက်ပါဦးတစ်ခေါက်လောက်တော့သွားတွေ့လိုက်ပါဦး"ကိုယ့်ဆီကအမေဆိုသည့်ပြောသံကြောင့်
သူသူထက်ကရီသည်။"အို..အမေလို့တောင်ခေါ်နေပြီလားဒီမယ်
ကိုလင်းညို့ကျွန်မအတည်မေးမယ်ရှင်မောင်လေးကိုကြိုက်နေသလား""ဗျာ...မသူသူထက်ကဘာကြောင့်အဲ့ဒီလိုထင်ရတာလဲ"
"အို..ကျွန်မကမသိဘဲနေမလားရှင့်
ရှင်ကသိသာနေတာပဲဟာအကဲခတ်တဲ့နေရာမှာတော်တယ်လေ"
YOU ARE READING
သူကြီးကတော် မြို့ကြီးသား
Romance၁၉၈၀ခုနှစ်ပိုင်းကာလပိုင်းကရွာသူကြီးတစ်ယောက်မိမိထက်သက်၁၀ နှစ်ငယ်သောကောင်လေးတစ်ယောက်ကိုလက်ထက်ရန်အကြောင်းဖန်လာသောအခါ... "မင်းကိုချစ်ခင်မြတ်နိုးလွန်းလို့တော်ကောက်ရတာမဟုတ်ဘူးမတတ်သာလို့လုပ်လိုက်ရတာ ကလေး တွေကိုမကြိုက်ဘူးကွ" လင်းညို့မောင်မောင် "အောင်မာ ခင...