🌼 Part 14 🌼

930 13 0
                                    

🌸🍂 ပန်းခြေရင်း၌ ခစား၍ 🍂🌸
---------------------------------------------
                      🌸🍂  Part - 14 🍂🌸

'' ဘာ.......မင်းဘာပြောလိုက်တယ် ''

''ကြားတဲ့အတိုင်းပဲ! ''

''မင်း!........''

ကျွန်း မထင်ထားသည့်သူမဆီကစကားတွေနားထောင်ပြီး
သူမလေးသူ့ကိုဘယ်လို​တွေးနေတာလဲဆိုတဲ့စိတ်နဲ့
ရင်တွေပူပြီးမွန်းကြပ်လာလေသည်
ပိုင်ဆိုင်ချင်လို့
သူများလက်ထဲပါသွားမှာကြောက်လို့
အရယူခဲ့မိတာ
သူမကိုတန်ဖိုးမထားခဲ့တာမဟုတ်ပါ

'' ပန်းဘဝတစ်ခုလုံးတောင်
သခင်လေးစိတ်တိုင်းကျဖြစ်စေခဲ့တာပဲ
ဒီကော်ဖီလေးသောက်ရတာလောက်ကတော့
ပန်း စာဖွဲ့မနေဘူး ''

''...............''

''သခင်လေးကိုပန်း လေးစားခဲ့ပါတယ်
ဒါပေမယ့်
အခုတော့ ''

ပန်း ဆက်မပြောပဲ
သူ့အားရွံမုန်းတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး

'' လေးစားဖို့မပြောနဲ့
ပန်းလေ သခင်လေးကိုသိပ်မုန်းတယ် ''

''မပြောနဲ့
မင်းပါးစပ်က ငါ့ကိုမုန်းတယ်လို့ပြောခွင့်မရှိဘူး ''

မုန်းတယ်ဆိုသောစကား​ကြောင့်
ကျွန်းဒေါသထွက်သွားလေသည်
သူမဆီကမုန်းတယ်ဆိုသောစကားကို
မကြားချင်ပေ

'' အဟွန်း.....ဟွန်း....ဟွန်း.....အင်းပေါ့
ပန်းက သခင်လေးရဲ့ကျွန်ပဲ
သခင်လေးအမိန့်အတိုင်းပါ ''

''မင်း!........''

သူ့အားရွဲ့သလိုပြောလာသည့်သူမကြောင့်
ကျွန်းဒေါသထွက်လာလေသည်

'' မင်းသိထားရမှာက
မင်းမုန်းလဲငါ့ပဲယူရမှာ
မင်း မမုန်းလဲငါ့ပဲယူရမယ်ဆိုတာပဲ
အဟွန်း......မင်းပြောသလိုပဲပေါ့
ငါကမင်းသခင်မလား
အဲတော့ မင်းငါ့စကားတိုင်းကိုနားထောင်ရမယ်
ငါ့စကားကိုနားမထောင်ရင်
မင်းကိုအပြစ်ပေးမယ် တောက်စ်!.....''

ကျွန်းစိတ်တိုတိုနဲ့ပြောပြီး
သူမအခန်းထဲကထွက်လာခဲ့လိုက်လေသည်
စိတ်ပူရတာနဲ့တောင်မတန်တဲ့မိန်းမ
လက်ထပ်ဖို့ထိရည်ရွယ်ထားပေမယ့်
အလျော့ပေးဖို့တော့စိတ်ကူးမရှိပါ
မင်းလဲမင်းမာနကိုမလျော့သလို
ငါလဲ ငါ့မာနကိုကိုးကွယ်တယ်

🌼 ပန်းခြေရင်း၌ ခစား၍ 🌼 Complete 🌼Where stories live. Discover now