🌸🍂 ပန်းခြေရင်း၌ ခစား၍ 🍂🌸
----------------------------------------------
🌸🍂 Part - 23 🍂🌸'' မရပါဘူး.....''
'' ဟင်!.......''
ချက်ချင်းဆိုသလိုငြင်းလိုက်သည့်ကျွန်းကြောင့်
ပန်းနှုတ်ခမ်းလေးဆူသွားလေသည်
ဒီလူတကယ်ပဲဘယ်လိုဖြစ်နေတာလဲ
မနက်ထဲက ကြည့်မရနေတာ
ပန်းနောက်တကောက်ကောက်လိုက်ပြီး
အမေနဲ့စကားပြောတော့လဲ
သူကဘေးနားကမခွာ
ပန်းမှာ မေမေ့နားတောင်မကပ်ရ'' ဘာမရတာလဲ
ရတယ်......ဦးကျွန်းသွားတော့
ပန်းက မေမေနဲ့အိပ်မှာ '''' ဟာ.....မရပါဘူးကွာ
ကိုယ်ကလေးနဲ့ခွဲမအိပ်နိုင်ဘူး '''' အို!.......''
မေမေရှိနေတာတောင်
အရှက်မရှိလုပ်နေသောဦးကျွန်းကြောင့်
ပန်းမျက်နှာလေးရဲနေလေသည်'' ရှင်ဘယ်လိုဖြစ်နေတာလဲ
အရှက်မရှိ ဘာတွေလျှောက်ပြောနေတာလဲ '''' ဟာ.....ကိုယ့်မိန်းမကိုယ်အိပ်ဖို့ခေါ်တာ
ဘာရှက်ရမှာလဲ '''' ကျစ်.....ရှင်.....ပြောလေဆိုးလေပါလား ''
'' သမီးကလဲကွယ်
ကလေးမှမဟုတ်တော့တာ
မေမေနဲ့အိပ်ချင်သေးတယ်
သွား....သွား....မေမေကနေသိပ်ကောင်းသေးတာမဟုတ်ဘူး
နားချင်နေပြီ
သမီးတို့လဲသွားနားတော့ ''ဒေါ်ပန်းဒေဝီ သမက်ဖြစ်သူရဲ့ချစ်တက်ပုံကြောင့်
မျက်နှာပူပူနဲ့ပဲပြန်လွှတ်လိုက်လေသည်
ပန်းကတော့
သိပ်မကျေနပ်ချင်ပေမယ့်
မေမေကိုယ်တိုင်ပြောလာတော့လဲ
ရှက်ရှက်နဲ့ပဲသူ့ကိုမျက်စောင်းထိုးကာ'' မေမေ.....ဒါဆို ပန်းသွားတော့မယ်နော်
မေမေလဲနားတော့နော် '''' အင်းပါကွယ် ''
ပန်းမေမေ့အားနှုတ်ဆက်ပြီး
သူ့အားမျက်စောင်းထိုးကာ
ခြေစောင့်ပြီးထွက်သွားလေသည်သူမပုံစံလေးကိုကြည့်ပြီး
ကျွန်းမှာသာ သဘောကျစွာနှင့်'' အန်တီ.....နားတော့နော်
မဂ်လာကိစ္စတွက်တော့
မနက်ဖြန်မှပြောကြတာပေါ့ '''' အေးကွယ်.....သားအဆင်ပြေသလိုစီစဥ်ပါ ''
'' ဟုတ်ကဲ့!.....''