🌼 Part 21 🌼

906 10 0
                                    

🌸🍂 ပန်းခြေရင်း၌ ခစား၍ 🍂🌸
-------------------------
                      🌸🍂  Part - 21 🍂🌸

'' ဟုတ်တယ်....ငါမင်းကိုခိုးပြေးလာတာခယောင်းဖြူ!.......''

'' ဟင်!.....''

ကြားလိုက်ရတဲ့စကားကြောင့်
ခယောင်းနားထဲမိုးကြိုး10စင်းလောက်ပစ်သွားသလိုခံစားလိုက်ရလေသည်
ခိုးပြေးတယ်တဲ့လား
ခိုးပြေးရအောင်
ခယောင်းနဲ့သူက ချစ်သူတွေလဲမဟုတ်
နောက် သူဆိုတာကလဲ
ခယောင်းကို အေသရရ အရှင်ရရ ကြိုက်နေတဲ့သူလဲမဟုတ်
အဆိုးဆုံးက
သူကလဲခယောင်းကိုသဘောမကျသလို
ခယောင်းကလဲသူ့ကိုအမြင်ကပ်လေသည်
ဒါကို ခိုးပြေးတယ်ဆိုတော့

'' ရှင်.....ရှင် ဘာပြောလိုက်တာ ''

မထင်မှတ်ထားတဲ့စကားကြောင့်
ခယောင်းဘာပြောရမှန်းမသိဖြစ်သွားလေသည်
ဟင့်အင်း ခယောင်းဘဝကိုအဲလိုမချစ်မနှစ်သက်တဲ့လူနဲ့တော့မနေနိုင်ဘူး

'' မင်းနားကန်းနေလား
မင်းကိုခိုးပြေးလာတာလို့ပြောလိုက်တာ ''

'' ရှင်.....ရှင်ရူးနေလား
ဘာလို့ ခယောင်းကို.....''

''ကျစ်!.....နားညီးတယ်
မင်းပါးစပ်ပိတ်ထားလိုက်တော့
အေး မင်းကိုသိပ်ချစ်လွန်း လိုချင်လွန်းလို့
ခိုးပြေးလာတယ်မထင်နဲ့
အူကြောင်ကြောင်လုပ်ရင်
လမ်းမှာတင်ရိုက်သတ်ပစ်မှာ ''

'' ဟမ်!......''

ပိတ်အော်လိုက်တာကြောင့်
ခယောင်းအနည်းငယ်တော့လန့်သွားမိလေသည်
ပြောရတာမဟုတ်
ဒီလူကြီးက ကြမ်းကြမ်းတမ်းတမ်းနဲ့
တကယ်လုပ်မယ့်ပုံပင်
လန့်သာလန့်တာ
မပြောလို့တော့မရ
ဟုတ်တယ်လေ နေရင်းထိုင်ရင်းခယောင်းကလင်ရမယ့်ကိန်းကို

'' ရှင် ဘာသေဘာလဲ
ခုကားရပ်
ခယောင်းရှင့်နောက်မလိုက်နိုင်ဘူး
ရှင့်ကိုလဲသဘောမကျဘူး ''

'' မင်းကိုရောငါကသဘောကျတယ်ပြောမိလား
နားညီးတယ်ခယောင်းဖြူ
မင်းပါးစပ်မပိတ်နိုင်ရင်
ငါပိတ်နိုင်အောင်လုပ်ပေးမယ် ''

'' အောင်မာ.....ရှင်ကပဲပြောရတယ်ရှိသေးတယ်
ရှင်လွန်မလာနဲ့နော်
ကျွန်မက နာမည်တောင်မသိတဲ့လူကိုယူရမှာလား
ခုရပ်......ကားကိုခုရပ်.....ဘုန်း.....ဘုန်း.....ဘုန်း ''

🌼 ပန်းခြေရင်း၌ ခစား၍ 🌼 Complete 🌼Where stories live. Discover now