" ရန်ရန် ဒီညကြည့်ရတာ မောင် အိမ်ပြန်နောက်ကျမယ်နဲ့တူတယ်။အပြင်မှာ အိပ်ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ရန်ရန်သိတဲ့အတိုင်း မန်းလေးက ကုန်သည်တွေနဲ့ တစ်ခါတစ်ခါတွေ့ရဖို့က လွယ်တာ မဟုတ်ဘူး၊ မောင် သူတို့နဲ့ တိုင်ပင်ရမှာတွေက များနေတယ်၊ သူတို့က ရန်ကုန်ကို ရောက်ခိုက် ပျောပျော်နေချင်တယ်ဆိုတော့ မောင် ဂရုစိုက်ပေးရမယ်၊ အဲတာကြောင့် ...."
"ရပါတယ် မောင် ဒီညပြန်မလာရင်လည်း အပြင်မှာ သေချာအိပ်နော်၊ ရှုပ်ရှုပ်ယှက်ယှက်ကြားရင် ရန်ရန့်ကို အဆိုးမဆိုနဲ့ "
ဦးစည်သူက ခွင့်ပြုချက်ရသည်နှင့် ရယ်သံလွင်လွင်ထွက်လာသည်။ အိမ်ထောင်သက် ၁၀ နှစ်ကျော်သည်အထိ ဦးစည်သူက အလုပ်ခရီးသွားသည့်အခါမှ အပါး အပြင်မှ အိပ်သည်က ရှားလေသည်။ ထို့ကြောင့် ဇနီးသည်ကို ခွင့်ပြုချက်တောင်းရချည်းသာ။
ဦးရန်လင်းမြတ်က ဆူဆူပူပူမလုပ်သည့်တိုင် ဦးစည်သူကတော့ ချစ်ဇနီးလေးစိတ်ပူပန်နေမှာစိုးတာကြောင့် သေးသေးမွှားမွှားက အစ အသိပေးနေဆဲဖြစ်သည်။ အခုလည်း ခွင့်ပြုမယ်မှန်းသိရက်နဲ့ ခွင့်တောင်းပြီး ခွင့်ရတော့ ပျော်နေသည်က ကလေးငယ်လေးလိုပင်။
" ရန်ရန်လည်း ညဖက်စောစောအိပ်ဦး၊ ခြံတံခါးလည်း သေချာပိတ်ထားပီးမှ အိပ် "
" ဒီမယ် ဦးစည်သူကြီး ကျွန်တော့်အသက်က လေးဆယ်နားကပ်နေပါပြီနော် သတိမေ့နေမှာစိုးလို့ "
" မသိဘူးကွာ ၊ ကိုယ့်မိန်းမ ကိုယ်စိတ်ပူတာပဲ ၊ ဘယ်အသက်အရွယ်ဖြစ်ဖို့လိုသေးတာလား "
ကျစ် ! ခန့်ဘုန်းရှိန် စိတ်မရှည်စွာ စုပ်သပ်လိုက်သည်။
ဟိုတယ်ဝရံတာတွင် လက်ထောက်ကာ ဆေးလိပ်သောက်နေရင်း ခန့်ဘုန်းရှိန်သည် ဒေါသထွက်နေလေသည်။ ဟိုတယ်၏ဖြူလွလွကုတင်ပေါ်၌ စောင်ပတ်ကာ ဖုန်းပြောနေသော ဦးရန်ရန်သည် သူ့ကို ဆက်ဆံသည့်လေသံ၊ဟန်ပန်နှင့် ကွဲပြားသည့်ဆက်ဆံမှုတို့က သူ၏ ရင်ကို တဆစ်ဆစ်နာကျင်စေလေသည်။
ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံရသော လောကကြီးကို အပြစ်တင်ချင်သော်လည်း မိမိကိုယ်၌က တစ်ပါးသူတို့၏ ချစ်ခြင်းကို ဝင်နှောင့်ယှက်နေသော ဖြစ်နေသည့်အတွက် ပြောရန်အခွင့်လည်း မရှိပါချေ။
YOU ARE READING
la vie est belle // သာယာချမ်းမြေ့သော ဘဝ
Romancela vie est belle Life is Beautiful အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများပါဝင်သည့် ညစ်ညမ်းစာပေဖြစ်သည်။ ဖတ်ရှုရန်အတွက် ချင့်ချိန်ရန်လိုအပ်ကြောင်းသတိပေးချက်ပါဝင်သည်။ အတုမယူသင့်သော စာပေအမျိုးအစားဖြစ်သည် !