" ေဆးလိပ္ကို လြင့္ပစ္လိုက္ပါ " ခန႔္ဘုန္းရွိန္က ဘမင္းထန္ကို ေျပာလိုက္သည္။
ပုံမွန္သာဆို ဘမင္းထန္က သည္းခံေနမည္ျဖစ္ေသာ္လည္း ယေန႔တြင္ သူ႔က သည္းခံလိုစိတ္ရွိမေနေပ။
" ခင္ဗ်ားကို ၾကည့္ရတာ ဦးစည္သူထက္ေတာင္ ကေလးအတြက္ စိုးရိမ္ေနသလိုပဲဗ်ာ " ခနဲ႔တဲ့တဲ့ျပန္ေျဖတဲ့အေျဖေၾကာင့္ခန႔္ဘုန္းရွိန္၏ မ်က္ဝန္းမ်ားက အႏၲရာယ္ရွိစြာ ေမွးစင္းသြားသည္။
" ကိုဘမင္းထန္ ေဆးလိပ္ကို မေသာက္ပါနဲ႔ဆိုေနမွ " သုခိတာက အနားကို ေျပးလာေတာ့မွ ဘမင္းထန္က ေဆးလိပ္ကို လြင့္ပစ္လိုက္ၿပီး သုခိတာကို ပခုံးမွ ဖက္ထားလိုက္သည္။ ၿပီးေနာက္ ခန႔္ဘုန္းရွိန္၏ ပခုံးကို အသာအယာပုတ္ကာ ေလသံနိမ့္နိမ့္ျဖင့္ ေျပာလိုက္သည္။
" ခင္ဗ်ားအေနနဲ႔ ခင္ဗ်ားႀကိဳက္တာကို ႐ိုးသားစြာ ျဖစ္ေစ မ႐ိုးသားစြာ ျဖစ္ေစ ယူႏိုင္ပါတယ္။ဒါေပမဲ့ က်ဳပ္အေနနဲ႔ တစ္ခုေလာက္ သတိေပးလိုက္မယ္၊။ က်ဳပ္ဦးေလးနဲ႔ပတ္သက္ၿပီး တစ္ခုခု ထိခိုက္လာခဲ့တယ္ဆိုရင္ က်ဳပ္အေနနဲ႔ ပါဝင္ရလာလိမ့္မယ္ "
ဘမင္းထန္က ကားေပၚတက္ကာ ကားက ေမာင္းထြက္သြားသည္အထိ ခန႔္ဘုန္းရွိန္သည္ ေဘာင္းဘီအိတ္ထဲ လက္ႏႈိက္ကာ ရပ္ၾကည့္ေနခဲ့သည္။ ကားေနာက္မွန္ကေန ျမင္လိုက္ရေသာ ခန႔္ဘုန္းရွိန္၏ မ်က္ႏွာကို ၾကည့္လိုက္သည္ႏွင့္ မေကာင္းေသာ အႀကံအစည္က ရွိေနသည္ကို ခံစားလိုက္ရသည္။
Paid Channel - 4000 mmks (for all episodes from ongoing till the end)
Kpay, wave, & Ooredoo, mytel bill are available.
To contact - Telegram account @HUYGENS199
" ဆေးလိပ်ကို လွင့်ပစ်လိုက်ပါ " ခန့်ဘုန်းရှိန်က ဘမင်းထန်ကို ပြောလိုက်သည်။
ပုံမှန်သာဆို ဘမင်းထန်က သည်းခံနေမည်ဖြစ်သော်လည်း ယနေ့တွင် သူ့က သည်းခံလိုစိတ်ရှိမနေပေ။
" ခင်ဗျားကို ကြည့်ရတာ ဦးစည်သူထက်တောင် ကလေးအတွက် စိုးရိမ်နေသလိုပဲဗျာ " ခနဲ့တဲ့တဲ့ပြန်ဖြေတဲ့အဖြေကြောင့်ခန့်ဘုန်းရှိန်၏ မျက်ဝန်းများက အန္တရာယ်ရှိစွာ မှေးစင်းသွားသည်။
" ကိုဘမင်းထန် ဆေးလိပ်ကို မသောက်ပါနဲ့ဆိုနေမှ " သုခိတာက အနားကို ပြေးလာတော့မှ ဘမင်းထန်က ဆေးလိပ်ကို လွင့်ပစ်လိုက်ပြီး သုခိတာကို ပခုံးမှ ဖက်ထားလိုက်သည်။ ပြီးနောက် ခန့်ဘုန်းရှိန်၏ ပခုံးကို အသာအယာပုတ်ကာ လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
" ခင်ဗျားအနေနဲ့ ခင်ဗျားကြိုက်တာကို ရိုးသားစွာ ဖြစ်စေ မရိုးသားစွာ ဖြစ်စေ ယူနိုင်ပါတယ်။ဒါပေမဲ့ ကျုပ်အနေနဲ့ တစ်ခုလောက် သတိပေးလိုက်မယ်၊။ ကျုပ်ဦးလေးနဲ့ပတ်သက်ပြီး တစ်ခုခု ထိခိုက်လာခဲ့တယ်ဆိုရင် ကျုပ်အနေနဲ့ ပါဝင်ရလာလိမ့်မယ် "
ဘမင်းထန်က ကားပေါ်တက်ကာ ကားက မောင်းထွက်သွားသည်အထိ ခန့်ဘုန်းရှိန်သည် ဘောင်းဘီအိတ်ထဲ လက်နှိုက်ကာ ရပ်ကြည့်နေခဲ့သည်။ ကားနောက်မှန်ကနေ မြင်လိုက်ရသော ခန့်ဘုန်းရှိန်၏ မျက်နှာကို ကြည့်လိုက်သည်နှင့် မကောင်းသော အကြံအစည်က ရှိနေသည်ကို ခံစားလိုက်ရသည်။
Paid Channel - 4000 mmks (for all episodes from ongoing till the end)
Kpay, wave, & Ooredoo, mytel bill are available.
To contact - Telegram account @HUYGENS199
YOU ARE READING
la vie est belle // သာယာချမ်းမြေ့သော ဘဝ
Romancela vie est belle Life is Beautiful အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများပါဝင်သည့် ညစ်ညမ်းစာပေဖြစ်သည်။ ဖတ်ရှုရန်အတွက် ချင့်ချိန်ရန်လိုအပ်ကြောင်းသတိပေးချက်ပါဝင်သည်။ အတုမယူသင့်သော စာပေအမျိုးအစားဖြစ်သည် !