part 4 ( Unicode & Zawgyi )

127 15 0
                                    

2022 February 2 ,
( လက်ရှိအချိန် )

နေ့လယ်ခင်းလေတဖြူးဖြူးဖြင့် သဇင့်ရဲ့ ဆံနွယ်လေးများ လေထဲတွင်ပျော်မြူးနေသည်ကို
ငေးကြည့်နေမိသည်။ သနပ်ခါးပါးကွက်ကြားလေး
နှင့် သဇင်ဆိုသည့်အမျိုးသမီးလေးက သိပ်ယဉ်တာ။

သဇင်ဆိုတဲ့အမျိုးသမီးလေးကိုကြည့်မိပြီဆိုလျှင် အကြည့်ကမလွှဲချင်အောင်ကို ဆွဲဆောင်လွန်းလှပါသည်။ ငေးကြည့်မိပြီဆိုသည်နှင့် မြင်ကွင်းထဲမှာပျောက်ကွယ်သွားမြင်ကိုပင်စိုးရိမ်းရပါသည်။ ထို့ကြောင့် သဇင့်အား ဆက်၍ငေးကြည့်နေမိသည်။

" ဝင်း တကယ်ဘဲ စံပယ်ပန်းတွေ စာမေးပွဲကြီးပြီးတဲ့အထိပေးတော့မလို့လား"

" သဇင်ကလဲ ဝင်းမနေ့ကပြောပြီးပြီးလေ စံပယ်ပန်းတွေနေ့တိုင်းပေးမယ်လို့ ဝင်းမယုံလို့လား..."

" မယုံတာမဟုတ်ပါဘူး ဝင်းကိုယုံပါတယ် ဒါနဲ့စံပယ်ပန်းလေးတွေကသိပ်လှတာနော် "

" စံပယ်တွေလှတာမှန်ပါတယ် ဒါမဲ့ သိပ်လှတဲ့စံပယ်တွေက သဇင့်အပြုံးအောက်မှာကျရှုံးရတယ်တဲ့လေ"

" ဝင်း ကဗျာဆရာမကြီးဖြစ်တော့မယ်ထင်တယ် စကားတွေတတ်လာလိုက်တာ စံပယ်တွေကသာ လှတာပါ ဝင်းရယ်"

တကယ်ပါ ကျွန်မမျက်စိထဲတွင်တော့ ဖြူဖွေးမွှေးကြိုင်သော စံပယ်တွေထက် သဇင့်အပြုံးတွေက ပို၍လှပါသည်။ နှင်းဆီရောင်နှုတ်ခမ်းမို့မို့လေးများအောက် ပုန်းခိုနေသော ဖြူဖွေးညီညာတဲ့သွားလေးများက သဇင်အပြုံးများကို ပို၍ ဆွဲဆောင်မှုရှိစေရန် ထောင်ပံ့ပေးထားသည်လားထင်မှတ်ရပါသည်။

ရိုးရှင်းတဲ့အပြုံးပိုင်ရှင်လေး ထိုရိုးရှင်းတဲ့အပြုံးလေးက ကျွန်မလောကကြီးရပ်တန့်သွားလောက်တဲ့အထိ ညှို့အားပြင်းသည်တဲ့လေ။

သဇင့်လက်ထဲအားမနေ့ကပေးခဲ့သည်အတိုင်း စံပယ်ပန်းထုတ်လေးအားပေးလိုက်သည်။ ပြီးနောက် စာအိတ်တစ်အိတ်လေးလဲထပ်ပေးလိုက်သေး၏။

ထိုစာအိတ်လေးက မေန့ညက ကျွန်မရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ရေးဖွဲ့ထားတဲ့ သဇင်နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတစ်ခုပင်။ သဇင်က စာအိတ်လေးကို သိချင်စောနှင့်ဖွင့်ဖောက်တော့မည်အလုပ်တွင်.....

 အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now