part 13 ( Unicode & Zawgyi )

72 11 0
                                    


အကြိုနေ့ နံနက်ခင်းလေးသည် ကျွန်မအတွက်တော့ လှပသောနံနက်ခင်းလေးပင်။ ချစ်ရသူအလာကိုစောင့်ဆိုင်းနေရင်း ရင်ခုန်နေရသည်။ ထိုရင်ခုန်သံတွေဟာလဲ ဝင်းဝင်းလတ်ဆိုသည့်အမျိုးသမီးလေးပေါ်တွင်သာ ခုန်ခဲ့မိသည်။

ပိတောက်ပန်းလေးပန်ဆင်ကာ မြန်မာဝမ်းဆက်လေးနှင့် တစ်စုံတစ်ယောက်အား စောင့်မျှော်နေသော အမျိုးသမီးငယ်။ ထိုအမျိုးသမီးလေးသည် ကျွန်မ၏အပိုင်ပင်။ ထိုအမျိုးသမီးလေး စောင့်ဆိုင်းနေသည်မှာ ကျွန်မကိုပင်။

ဆိုင်ကယ်လေးအား ခပ်ဝေးဝေးတွင်ရပ်ခဲ့ကာ အနီးနားသို့ ဖြည်းညည်းစွာ လျှောက်လာ၍.....

" ဟိတ်!!! ငယ်လေး "

" အမလေး!!! "

အလန့်တကြားအနောက်မှ ခေါ်လိုက်သောအသံ....

အသံလေးမှာသာယာသော်လဲ အတွေးလွန်နေချိန်ကြောင့် အနည်းငယ်လန့်သွားခဲ့ရသည်။ အနောက်သို့ လှည့်ကြည့်မိချိန် ချစ်ရသူလေးပင်။ နောက်ဆုံးတွင်စောင့်မျှော်နေသော ချစ်ရသူလေး ရောက်လာခဲ့ပြီ။

" မမကလဲ ငယ်ဖြင့်လန့်လိုက်တာ "

" မမက တိုးတိုးလေးခေါ်တာပါနော် ငယ်ကဘာတွေတွေးနေလို့ လန့်သွားတာလဲပြောပါအုန်း "

" မမနော် ငယ်ကဘာမှမတွေးပါဘူး ဒီအတိုင်း မမကိုစောင့်နေတာ "

" ငယ်စောင့်နေမှန်းသိလို့ မမအမြန်လာခဲ့ရတာပါကွယ်"

" ဟင် မမပြောတော့ ငယ့်ကိုရေလောင်းချင်တယ်ဆို ခုကြရေလဲပါမလာဘူး "

" ဟုတ်တယ်လေ ဒါမဲ့ရေမလောင်းခင် အရင်ဦးဆုံးဖတ်ထားပါရစေ ငယ့်ကိုမမက လွမ်းနေရတာ "

" မရဘူးလေမမရဲ့အိမ်ရှေ့ကြီးမှာကို သူများတွေမြင်ကုန်လိမ့်မယ် "

အရှက်သည်းစွာ ပြောလာသော ငယ့်ကိုကြည့်၍ ကျွန်မရင်ခုန်ရပါသည်။ ငယ်ဟာလေ ကျွန်မကိုအရမ်းပြုစားတာဘဲ ကဝေမလေးလိုပါဘဲလား။ စစတွေ့ချိန်ကအစ ယခုအချိန်ထိ ထိုကဝေမလေး၏ ပြုစားခြင်းကို သိသိရက်နှင့် ကျွန်မကိုယ်တိုင်ပြုစားခံနေမိသည်။

" မမစောင့်နေနော် ငယ်ရေသွားခပ်လိုက်အုန်းမယ် "

ပြောပြောဆိုဆိုနှင့် အိမ်ထဲသို့ဝင်သွားသော ငယ့်ကျောပြင်လေးအား ကြည့်မိရင်း ကျွန်မလွမ်းရပြန်သည်။ ငယ့်၏ ကျောပြင်လေးအားမကြည့်ရက် ထိုအစား ငယ့်၏အပြုံးလေးများကိုသာကျွန်မကြည့်ချင်မိသည်။

 အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now