part 10 ( Unicode & Zawgyi )

92 12 0
                                    

ဧကရီဝင့်ထည် ဆိုသည့်အမျိုးသမီးနှင့်ယှဉ်လျှင်
ကျွန်တော်ဟာ အမြဲအရှုံးဘက်ကပါ.....

သူငယ်ချင်းသုံးယောက်သား နေ့လည်စာအတူစားနေချိန် ဧကရီဖုန်းခေါ်သည်ကြောင့်နေလင်းထွက်သွားခဲ့သည်။

ဧကရီဝင့်ထည်နှင့် ဝိုင်းနေလင်းသည် ရုပ်ရှင်အတူကြည့်မည်ဖြစ်၍ ၂နာရီနီးပါခန့်ကြာမည်။
ထို့ကြောင့် လှိုင်နှင့် ကျွန်တော်သည် နေ့လည်စာစားပြီး ဟိုဟိုသည်သည် လျောက်သွားကာ ဝိုင်းနေလင်းအားစောင့်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ဝိုင်းနေလင်းဆီမှဖုန်းလာသည်....

" နောင်နောင် လှိုင်နဲ့ပြန်လိုက်တော့ ငါဧကရီတစ်ယောက်ထဲမို့ သူ့နဲ့ပြန်လိုက်မယ် "

ကျွန်တော်ဝမ်းနည်းမိယုံမှတစ်ပါး အခြားမတတ်
နိုင်ခဲ့ပါ။ နေလင်းပြောသလိုပင် လှိုင်သူဇာမိုးနှင့်သာပြန်ခဲ့လိုက်သည်။ ထိုနေ့က နေလင်းတို့နှစ်ဦး ဘယ်အချိန်ပြန်ရောက်ကြသည် ကျွန်တော်မသိပါ။

ထေထွေထူးထူးလဲ စစ်မမေးမိ ကျွန်တော်ကိုယ်တိုင်မသိချင်၍လဲပါသည်။ သိလိုက်ရလျှင်လဲ ကျွန်တော်သည်ဘဲ စိတ်ထိခိုက်ရအုန်းမည်မဟုတ်လား။

ဧကရီဝင့်ထည်ဆိုသည့်အမျိုးသမီးနှင့် ကျွန်တော်သည်ဘယ်တုန်းကမှ ရန်ငြိုးမရှိခဲ့ပါ။ သို့သော် ထိုအမျိုးသမီး၏ အကြည့်များ လုပ်ပုံကိုင်ပုံများသည် ကျွန်တော်နှင့်ရန်သူတစ်ဦးနှယ်။

..............

2022 March 21,

နေသာသောနံနက်ခင်းလေးပင် မန္တလေး၏ ရာသီဥတုသည် နံနက်အစောပိုင်းတော့ နေရထိုင်ရသက်သာလှသည်။ သာယာသောနံနက်ခင်းအချိန်
ဟိန်းလင်းနောင်၏မျက်နှာလေးပေါ်တွင် ချိုမြိန်သောအပြုံးတစ်ခုထင်ဟပ်နေလေသည်။

မှန်ရှေ့တွင် ကြည့်ကောင်းသည်လားဟု အကြိမ်ကြိမ်ကြည့်ကာ ရှိသည့်အဝတ်အစားလေးများအားရွေးနေခဲ့သည်။

အချိန်ခဏအကြာ အနက်ရောင်လက်ရှည်အင်္ကျီလေးနှင့်သေသပ်စွာ အစိမ်းရောင်အဆင်းကြောင်းလေးများပါသော ပုဆိုးနှင့်လိုက်ဖတ်ညီလှစွာ ကျေနပ်သောအပြုံးဖြင့် အပြင်သို့ထွက်လာခဲ့သည်။

 အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း ( Completed )Where stories live. Discover now